ကမ္ဘာတစ်ဝှမ်းမှပရိတ်သတ်များနှင့်အတူ UEFA EURO 2024TM ဘောလုံးအားကစားပွဲတွင် vivo ပါဝင်ဆင်နွှဲမည်

20.11.23-yyl-13.jpg

လာမည့်နွေရာသီတွင် ဂျာမနီနိုင်ငံ၌ ကျင်းပမည့် UEFA EURO 2024TM တွင် ကမ္ဘာတစ်ဝှမ်းမှဘောလုံး ပရိတ်သတ်များနှင့်အတူ vivo မှ ပါဝင်ဆင်နွှဲ သွားမည်ဖြစ်သည်။ vivo သည် UEFA EURO 2024TM နှင့်တရားဝင်ပူးပေါင်းကာ အထူးသီးသန့် အခိုက်အတန့်များနှင့် အတွေ့အကြုံများကို ခံစားနိုင်စေရန်အတွက် ကမ္ဘာ့စင်မြင့်ပေါ်တွင် ၎င်း၏ နောက်ဆုံးပေါ်နည်းပညာနှင့် စမတ်ဖုန်းကို ပြသသွားမည်ဖြစ်ပါသည်။ သုံးစွဲသူများအား အလေးထား ဦးစားပေးသော vivo သည် ၎င်း၏အရည်အသွေးမြင့် စမတ်ဖုန်းများနှင့် ပရိုကျသော ဓါတ်ပုံနည်းပညာအား လူတိုင်းလွယ်ကူစွာ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး သုံးစွဲသူများသည် အမှတ်တရ အခိုက်အတန့် များစွာကို ရိုက်ကူးမှတ်တမ်းတင်နိုင်ပါသည်။

The UEFA EURO ချန်ပီယံလိဂ်သည် ကမ္ဘာတစ်ဝှမ်းမှ လူ ၅ ဘီလီယံကျော် ကြည့်ရှုအားပေးသော ကမ္ဘာ့ရှေ့ဆောင် အားကစားတစ်ခုဖြစ်သည်။ UEFA EURO 2024TM အားကစားပွဲအား အားပေးသူများအနေဖြင့် မတူကွဲပြားသော အခိုက်အတန့်များကို vivo ၏ ပံ့ပိုးကူညီမှုဖြင့် ခံစားကြည့်ရှုနိုင်ပါပြီ။ ပြိုင်ပွဲတစ်ခုချင်းစီ၏ မစမှီကာလတွင် ပရိတ်သတ်များသည် ကမ္ဘာ့အကောင်းဆုံး DJ များနှင့် အတူယှဉ်တွဲကခုန်နိုင်ပြီး ဂီတနှင့် အားကစား နှစ်သက်မှုအား ဝေမျှကာ အတူတကွ ပေါင်းစည်းနိုင်ပြီဖြစ်ပါသည်။ ပွဲစဉ်တစ်ခုပြီးဆုံးပြီးတိုင်းတွင် အကောင်းဆုံးကစားသမားအား ကြည့်ရှုသူ ပရိတ်သတ်များနှင့်အတူ ဂုဏ်ပြုကြိုဆိုနိုင်စေရန်အလို့ငှာ ဂီတအဖွဲ့အစည်းမှလည်း ပါဝင်ဂုဏ်ပြု သွားမည် ဖြစ်သည်။

vivo သည် ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးပရိတ်သတ် များနှင့် ပူးပေါင်းပြီး အားကစားပွဲ၏ စိတ်လှုပ်ရှားမှုများကို ဖော်ပြနိုင်ရန် UEFA နှင့်အတူအနီးကပ် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုအတွက် vivo မှ UEFA EURO 2024TM ၏ဝန်ထမ်းများအား ခေတ်မှီ အဆင့်မြင့် စမတ်ဖုန်းများကို ပွဲအောင်မြင်မှု အထိမ်းအမှတ်အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် UEFA EURO 2020TM ၏တရားဝင်ပါတနာအဖြစ် vivo သည် ပွဲပရိတ်သတ်များအား ပွဲစဉ်တစ်လျှောက် ပျော်ရွှင်အမှတ်ရဖွယ်ရာ အခိုက်အတန့်များကိုဝေမျှနိုင်စေမယ့် ဆိုရှယ်မီဒီယာ ကမ်ပိန်းအား ပြုလုပ်ခဲ့ပါပြီး ပွဲကြည့်ပရိတ်သတ်များ ဖန်တီးရိုက်ကူးထားသော ဓါတ်ပုံ ဗီဒီယိုများကို အားကစားပွဲ၏ အဖွင့်နှင့် အပိတ်များတွင်ပြသခဲ့သည်။ vivo သည် ၎င်း၏မူပိုင် AI နည်းပညာ အားအသုံးပြုကာ နှစ် ၆၀ ပြည့် ဥရောပချန်ပီယံလိဂ် ပွဲအား ဂုဏ်ပြုရန်ရည်ရွယ်၍ သမိုင်းတစ်လျှောက်မှ ပွဲနှင့်ပတ်သတ်သည့် အမှတ်တစ်ရပုံရိပ်များကိုလည်း ထပ်တိုးပြသခဲ့ပါသည်။ ၎င်းအပြင် ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်သို့ သွားရောက်ကြည့်ရှုလိုသည့် ပရိတ်သတ်များ၏ အိပ်မက်ကိုဖြည်းပေးရန် ရည်ရွယ်ကာ vivo မှကံထူးရှင် တစ်ဦးအားရွေးချယ်ပေးသွားအုံးမည်ဖြစ်ပါသည်။ ဤကဲ့သို့ vivo သည် ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးအားကစားပွဲများကိုပါ ထောက်ပံ့အားပေးနေခြင်းပင် ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်အများဆုံးအားကစားဖြစ်သော ဘောလုံးအားကစားသည် ကြွယ်ဝသော သမိုင်း နောက်ခံ အထောက်အထားများရှိပြီး အသင်းအဖွဲ့စိတ်ဓါတ်နှင့် ပါဝင်ကစားကာ တူညီသော ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ကြိုးစားရခြင်းကို ကိုယ်စားပြုသည်။ ဘောလုံးအားကစားသည် အားကစားစိတ်ဓါတ်နှင့်အတူ အခက်အခဲများကိုကျော်လွှားနိုင်စေပြီး တစ်ဦးတစ်ယောက်ချင်းစီနှင့် အသင်းအဖွဲ့များကြားတွင် ပိုမိုနီးကပ် ခိုင်မာစေပါသည်။ vivo သည်ယခုကဲ့သို့ ကမ္ဘာတစ်ဝှမ်းမှ အားပေးသူများကြားတွင် ခိုင်မာသော စိတ်ချင်းနှီးကပ်မှုကို တည်ဆောက်နိုင်မှုအတွက် များစွာဂုဏ်ယူသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top