အဲဒီရွာလေးမှာက အမှိုက်ကင်းစင်ရုံတင်မကပါဘူး… အရက်သေစာနဲ့ မူးယစ်ဆေးဝါးလည်းကင်းစင်ပါတယ်။ (အရက်ဘီယာရောင်းချခွင့်မရှိ) အသက် (၁၈) နှစ်မပြည့်သေးတဲ့သူကို ကွမ်းယာ၊ ဆေးလိပ် ရောင်းချတာကိုလည်း ခွင့်မပြုထားပါဘူး။ ဒါတင်မက ကျေးရွာအတွက် ဝက်၊ နွား သတ်ခွင့်မပြုထားသလို ရာဇဝတ်မှုဆိုတာလည်း မရှိသလောက်ကိုနည်းပါးပါတယ်။
တကယ့်ခေါင်းဆောင်ကောင်းတွေရှိတဲ့ရွာတစ်ရွာဖြစ်ရုံသာမက နောက်လိုက်ကောင်းတွေလည်း ရှိနေတဲ့ရွာလို့ ဆိုရမှာပါ။ အံအားသင့်စရာကောင်းတာက အခုလို အမှိုက်ကင်းစင်တဲ့ ရွာလေးဖြစ်လာဖို့အတွက် ရွာကကလေးတွေရဲ့အင်အားနဲ့ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာပါပဲ။
အခုပြောပြတဲ့ရွာလေးကတော့ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်အတွင်းက ဆင်နက်ချောင်ဆိုတဲ့ရွာလေး ဖြစ်ပါတယ်။
Ref: Sai Lukhay’s FB
Team (ရိုးရာလေး)