ပူပြင်းလှတဲ့နွေရာသီမှာ အဖြူရောင်အဝတ်အထည်တွေကို ဘယ်လိုဂရုစိုက်သိမ်းဆည်းကြမလဲ

wh1.png

နွေရာသီမှာဆိုရင် လူတော်တော်များများက အဖြူရောင် ချည်သားအဝတ်အထည်တွေကို အများဆုံးဝတ်ဖြစ်ကြမယ်ထင်ပါတယ်။ အဖြူရောင်အဝတ်အစားတွေကို ဝတ်ဆင်ရတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေသလို လူကိုလည်း သန့်ပြန့်သွားစေပါတယ်။ အခုလို ပူပြင်းလှတဲ့ရာသီမျိုးမှာ အဖြူစွပ်စွပ်အဝတ်အစားတွေ ဝတ်မယ်ဆိုရင်တော့ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ အဖြူရောင်အဝတ်အစားတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

သပ်သပ်ခွဲလျှော်ပါ

အဖြူစွပ်စွပ်အဝတ်အထည်တွေကို အခြား အရောင်တောက်တဲ့အဝတ်အစားတွေနဲ့ ရောမလျှော်ဘဲ သပ်သပ်ခွဲလျှော်သင့်ပါတယ်။ ကျွန်မတို့အများစုက ဒီအချက်ကို လျစ်လျူရှုထားတတ်ကြပါတယ်။ အဖြူအဝတ်အစားအားလုံးအတွက် အဝတ်အိတ် သီးသန့်ထားတာအကောင်းဆုံးပါပဲ။

ဆပ်ပြာမှုန့်အများကြီး မသုံးပါနဲ့

အဖြူရောင်အဝတ်အထည်တွေကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်များများသုံးလိုက်တာကြောင့် ဆပ်ပြာမှုန့်မပြောင်ဘဲ ကျန်နေခဲ့ရင် အဲဒါတွေက ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို ပိုပြီး ဆွဲဆောင်နေသလိုဖြစ်စေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။

အဖြူရောင်ရှာလကာရည်အသုံးပြုပါ

ပုံမှန် အဝတ်လျှော်ပြီးတာနဲ့ နောက်ဆုံးအဆင့် ရေလျှော်တဲ့အဆင့်ရောက်တဲ့အခါ အဖြူရောင်ရှာလကာရည်အနည်းငယ်ကို ထည့်ပြီး အဝတ်အထည်တွေကို ရေလျှော်လိုက်ပါ။ အဖြူရောင်ရှာလကာရည်က သင့်ရဲ့အဖြူရောင်အဝတ်အထည်တွေရဲ့ အစွန်းအထင်းတွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးပါတယ်။

နေရာတကျသိမ်းဆည်းပေးပါ

အဖြူရောင်အဝတ်အထည်တွေကို အင်္ကျီချိတ်နဲ့ထားကြည့်ပါ။ ခေါက်ထားတာက ဖုန်မှုန့်တွေကို ဝင်လာစေပါတယ်။ အရောင်မမှိန်အောင် သိမ်းဆည်းဖို့ဆိုရင် အဝတ်ဗီရိုထဲမှာ သတင်းစာစက္ကူကို ခင်းပြီး အဲဒီပေါ်မှာ အဝတ်အထည်တွေကို တင်ထားရမှာဖြစ်ပါတယ်။

သင့်ရဲ့အဖြူရောင်အဝတ်အထည်တွေကို သစ်လွင်နေစေချင်ရင် အပေါ်မှာ ပြောပြပေးထားတဲ့အချက်တွေကို လုပ်ဆောင်ကြည့်လိုက်ပါ။

Ref: TOI “How to take care of your white clothes in the summer months”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top