ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ မော်ဒယ်လ် နန်းမွေစံအကြောင်းကို နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြခဲ့

64636605_470716693685076_1528848558822785024_n.jpg

မြန်မာပြည်မှာ လိင်အသားပေးဓာတ်ပုံနဲ့ဗွီဒီယိုတွေကိုရိုက်ကူးပြီး ဆိုရှယ်မီဒီယာမှာမျှဝေခဲ့တာကြောင့် ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ အသက် (၂၉) နှစ်အရွယ် ဆရာဝန်တစ်ဖြစ်လဲ မော်ဒယ်လ် နန်းမွေစံရဲ့အကြောင်းကို ကမ္ဘာကျော်သတင်းစာ နယူးယောက်တိုင်းစ်က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆေးကောင်စီရဲ့ဆုံးဖြတ်ချက်အရ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနဲ့ မညီညွတ်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ လိင်အသားပေးဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာကနေ ပြန်လည်ဖြုတ်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နန်းမွေစံကို သတိပေးမှုပြုလုပ်ခဲ့တယ်လို့သိရပြီး လိုက်နာမှုမရှိခဲ့တာကြောင့် အခုဇွန်လအတွင်းမှာပဲ နန်းမွေစံရဲ့ဆေးကုခွင့်လိုင်စင်ကို ပြန်လည်ရုတ်သိမ်းခဲ့တာပါ။

ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူတကယ်ဖြစ်ချင်တဲ့အိပ်မက်ကတော့ ကိုယ်ခန္ဓာနဲ့ လိင်ဆွဲဆောင်မှုကို အသားပေးတဲ့မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ချင်ခဲ့တာဖြစ်

နန်းမွေစံဟာ မိဘတွေရဲ့ဆန္ဒအလျောက် ဆေးကျောင်းကိုတက်ရောက်ခဲ့သူဖြစ်ပြီး အသက် (၂၂) နှစ် အရွယ်မှာပဲ ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူတကယ်ဖြစ်ချင်တဲ့အိပ်မက်ကတော့ ကိုယ်ခန္ဓာနဲ့ လိင်ဆွဲဆောင်မှုကို အသားပေးတဲ့ မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်ချင်ခဲ့တာဖြစ်တယ်လို့ နယူးယောက်ခ်တိုင်းစ်က ဖော်ပြထားခဲ့ပါတယ်။

နန်းမွေစံဟာ အထွေထွေဆရာဝန်တစ်ဦးအဖြစ်ရပ်တည်ရတဲ့ဘဝထက် မော်ဒယ်လ်ဘဝမှာ ပိုက်ဆံပိုရှာနိုင်ခဲ့သလို သူဝါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်လည်း ပိုပြီးစိတ်ချမ်းသာပျော်ရွှင်ခဲ့ကြောင်း ဆိုထားပါတယ်။

” ဒီနိုင်ငံမှာက ကျား၊ မခွဲခြားနှိမ့်ချဆက်ဆံမှုက အရိုးစွဲနေပြီ။ အမျိုးသမီးတွေကို ဘယ်လိုဝတ်စားသလဲဆိုတာကြည့်ပြီးပဲ ဆုံးဖြတ်ကြတယ်။ ဒီနိုင်ငံမှာ အမျိုးသမီးတွေကို အရည်အချင်းအရ ထိပ်တန်းရောက်သွားကြမှာမလိုလားကြဘူး ” လို့ နန်းမွေစံက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အထွေထွေဆရာဝန်တစ်ဦးအဖြစ်ရပ်တည်ရတဲ့ဘဝထက် မော်ဒယ်ဘဝမှာပိုက်ဆံပိုရှာနိုင်ခဲ့

ဒာ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နန်းမွေစံက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဘစ်ကီနီအဝါရောင်ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတွေကိုတင်ထားခဲ့သေးပြီး “လူမှုအဖွဲ့အစည်းဟာ အမျိုးသမီးတွေရဲ့ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ခြယ်လှယ်ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ကိုယ်ပိုင်အခွင့်အရေးသာဖြစ်ပါတယ် ” လို့ ရေးသားထားခဲ့ပါတယ်။

နန်းမွေစံဟာ ဆေးကုသခွင့်လိုင်စင်သိမ်းမဲ့ ဆေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ပေးဖို့ ကြိုးပမ်းသွားဦးမှာဖြစ်ပြီး မော်ဒယ်လ်မလုပ်ဖြစ်တော့တဲ့တစ်နေ့မှာ ဆရာဝန်တစ်ဦးအဖြစ်ပြန်လည်ရပ်တည်သွားချင်ကြောင်း၊ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ နှစ်ပေါင်းများစွာရင်းနှီးအားထုတ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: NYTIMES “A Myanmar DoctorTrades Her Scrubs for a Bikini, and Loses Her License”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top