နာတာရှည်ခါးနာခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်း

low-back-pain.jpg

41550667 - close up of a man holding his back in pain

ခါးနာမှု ဖြစ်စေတဲ့ အရာတွေအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခါးနာခြင်းဟာ အခြားနာကျင်ခြင်းတွေဆီကို ဦးတည်သွားပြီး ကိုယ်ခန္ဓာအနှံ့အပြားမှာ အခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

လူနာတစ်ယောက်ဟာ ဆရာဝန်ကို ခါးနာလို့လာပြရင် တစ်ခုတည်းသောနည်းက သူ့ကို ကုသလိုက်တာပါပဲ။ လူနာကို ပိုမို အသေးစိတ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ထက် နာကျင်မှုကုသတဲ့ဆရာဝန်ဟာ ခါးနာတာပျောက်အောင်သာ ကုသလိုက်ပါတယ်။ ဒီလိုကုသမှုဟာ ပြဿနာများစွာကိုဖြစ်စေတတ်ပါတယ်။

ခါးနာရတဲ့အကြောင်းရင်း

ဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ခါးနာနေတာလဲဆိုတာ ရှာကြည့်သင့်ပါတယ်။ စဖြစ်စေတဲ့ အကြောင်းအရာတွေ အမြောက်အမြားရှိပေမယ့် ခါးနာခြင်းဟာ အောက်ဖော်ပြပါအချက်ငါးခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ကြွက်သား ပိုမိုအားစိုက်ရခြင်း၊ အဆစ်မျက်နှာပြင်နာကျင်ခြင်း၊ Disc ဖေါင်းခြင်း၊ Discogenic Pain နဲ့ Sacroiliac Joint pain တို့ပဲဖြစ်ပါတယ်။

ကြွက်သားပိုမိုအားစိုက်ရခြင်းကြောင့်ဖြစ်တဲ့ခါးနာခြင်းဟာ ရုတ်တရက်ခါးနာခြင်းတွေထဲက အဖြစ်အများဆုံးအချက်ဖြစ်ပြီး ၉၅% လောက် ရှိပါတယ်။ နောက်ကျောက ကြွက်သားတွေကို ပိုမိုအလုပ်လုပ်စေတဲ့အခါမှာ ဒီကြွက်သားတွေ ဒဏ်ရာရတာကိုကာကွယ်ဖို့အတွက် သူတို့ဟာ ဖျတ်ခနဲ ရုန်းလိုက်ပါတယ်။ ဒီလိုဖြစ်ခြင်းနဲ့ နာကျင်ခြင်းတွေဟာ လက္ခဏာတွေဖြစ်ပြီး လျစ်လျူမရှုသင့်ပါဘူး။ ကံကောင်းစွာနဲ့ပဲ ကြွက်သားပိုမိုအားစိုက်တာကြောင့်ဖြစ်တဲ့ခါးနာခြင်းဟာ ပျော့ပြီးတော့ အခြားပြဿနာတွေ ဘာမှဆက်မဖြစ်စေပဲ ကုသလိုက်တာနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ရက်ကနေ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

ကြွက်သားကြောင့် ခါးနာခြင်းဟာ အတော်များများအတွက် လွယ်လွယ်ကူကူပျောက်ကင်းနိုင်ပေမယ့် အချို့လူတွေအတွက်ကတော့ သူဟာ အခြားကြီးမားတဲ့ပြဿနာရဲ့ အစဖြစ်တတ်ပါတယ်။ ကြွက်သား ဆက်လက်အားစိုက်နေရမယ်ဆိုရင် ကြွက်သားတွေကိုဒဏ်ရာရစေပြီးတော့ နာတာရှည်ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါဟာ နှစ်ပတ်ထက်ပိုပြီး ကြာမြင့်နေမယ်ဆိုရင် ဒါဟာ ကြွက်သားနာကျင်ခြင်းရော ဟုတ်ရဲ့လား၊ နာကျင်နေတဲ့တစ်ခုခုကို ကြွက်သားက ကာကွယ်ပေးနေတာများလားဆိုတာကို သေချာ ထည့်သွင်းစဉ်းစာသင့်ပါတယ်။

Facet Joint Pain ဟာ ကျောရိုးမရဲ့ Facet Joint တွေရောင်ရမ်းလို့ ဖြစ်တာဖြစ်ပြီးတော့ ခါးနာခြင်းတွေရဲ့ ဒုတိယအတွေ့အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။ Facet Joint တွေဟာ ကျောရိုးဆစ်တွေနဲ့ တွယ်ဆက်နေပါတယ်။ နာတာရှည်ခါးနာတဲ့သူတွေမှာ Facet Joint တွေဟာ ၉၀%မှာ စစချင်း ဒဏ်ရာရတဲ့နေရာတွေပဲဖြစ်ပြီး နာတာရှည် ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် Facet Joint Pain ရှိတဲ့ လူနာတွေဟာ သူပြန့်မသွားခင် အလျင်အမြန် ကုသသင့်ပါတယ်။

Disc Bulge ကတော့ MRI မှာ တွေ့ရတဲ့ ကျောရိုးဆစ်နှစ်ခုကြားကိုခံထားတဲ့ ပျော့ပျောင်းတဲ့ disc လေးတွေဟာ နောက်ဘက်က ကြောရိုးတူးမြောင်းဆီကို ဖေါင်းလာပြီး နာကျင်မှု ဖြစ်စေတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာမျိုး ပုံစံမျိုးစံရှိပြီးတော့ အကုန်လုံးကို ကုသမှုတူညီစွာ ကုသနိုင်ပါတယ်။ Disc Bulge Pain ဟာ ဒုတိယ အတွေ့အများဆုံး နာတာရှည်ခါးနာခြင်းအကြောင်းရင်းဖြစ်ပြီးတော့ MRI မှာ အလွယ်တကူပြသနိုင်တာကြောင့် အများဆုံး အလွန်အကျွံ ရောဂါအမည်တပ်ခံရတဲ့နာကျင်မှုတစ်မျိုး ဖြစ်ပါတယ်။

ဒီ Disc Buldge Pain ဟာ အနီးအနားက အာရုံကြောတွေ၊ တစ်ရှူးတွေဆီကိုပါ နာကျင်မှုဖြစ်ပွားစေပေမယ့် Discogenic Pain ကတော့ သူ့ရဲ့ အမှန်တကယ်ရှိတဲ့ Disc နေရာမှာပဲ နာကျင်စေတာဖြစ်ပါတယ်။ Disc ကနေ လာတဲ့ နာကျင်မှုဖြစ်တာကြောင့် ရောဂါခံစားရသူဟာ လှုပ်လိုက်တာနဲ့ နာနိုင်ပါတယ်။ Discogenic Pain ကိုတော့ ကျောအလည်မှာ ခံစားရပြီး Facet Pain နဲ့ နာကျင်ပုံခြင်း ဆင်ဆင်တူတာကြောင့် သေချာစွာ စစ်ဆေးဖို့လိုပါတယ်။ Facet Pain နဲ့ Disc Bulge Pain တို့လိုမျိုးပဲ discogenic pain ဟာ ဒဏ်ရာရရှိမှုကနေ စတင်ဖြစ်ပွားနိုင်ပြီးတော့ အကြောင်းရင်းကတော့ တည်ငြိမ်မှု မရှိခြင်းနဲ့ Bracing Muscles အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။

ခါးနာမှုကို ဖြစ်စေတဲ့ Bracing Muscles နှစ်မျိုးကတော့ gluteus bracing နဲ့ deep bracing muscles of the spine တို့ ဖြစ်ပါတယ်။

 

Sacroiliac Joint Pain ကတော့ သူ့ နာမည်မှာပြောထားသလိုပဲ Sacroiliac Joint မှာ နာကျင်မှုဖြစ်ပါတယ်။ သူဟာ ကျောရိုးမက တင်ပါးဆုံကို ဆက်တဲ့နေရာမှာ တည်ရှိပါတယ်။ ဒီအဆစ်ဟာ အရွတ်တွေနဲ့ ကာရံထားပြီး မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားတာပါ။ ဒါပေမယ့် Bracing muscles အားနည်းတာကြောင့် ကျောရိုးမက ကောင်းကောင်းမတည်ငြိမ်ဘူးဆိုရင် ကိုယ်ခန္ဓာဟာ လမ်းလျှောက်ခြင်းကို ပုံစံတစ်မျိုးနဲ့ လျှောက်နိုင်ပါတယ်။ ဒီလိုလျှောက်ခြင်းဟာ ကျောရိုးမကိုတော့ ငြိမ်အောင်ထိန်းပေးနိုင်ပေမယ့် သူဟာ SI Joint ပတ်ပတ်လည်က အရွတ်တွေကို ဆွဲဆန့်သလိုဖြစ်ပြီး ပိုမိုအလုပ်လုပ်စေကာ နောက်ဆုံးမှာ အဆစ်ကို ငြိမ်အောင် မထိန်းနိုင်တော့ပါဘူး။ လှုပ်လိုက်တာနဲ့ နာကျင်မှု ဖြစ်ပေါ်နိုင်ပါတယ်။ SI Joint Pain တွေဟာ ခိုက်မိတာ (သို့) မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ပေမယ့် သူဟာ အဓိကအားဖြင့် Bracing muscle အားနည်းခြင်းက ဖြစ်စေတဲ့ နာတာရှည် ခါးနာတာတစ်မျိုး ဖြစ်ပါတယ်။

တကယ်လို့လူနာတွေဟာ တိကျတဲ့ ရောဂါစစ်ဆေးမှုနဲ့ ကုသမှုကို မရရှိဘူးဆိုရင် နာတာရှည် ခါးနာခြင်းတွေဟာ ပိုဆိုးလာမှာပါ။ ဒါဟာနောက်တစ်ပြန် bracing muscles တွေကို အားနည်းစေပြီးတော့ ပိုမိုနာကျင်စေပါတယ်။ ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ ဆရာဝန်နဲ့ လူနာတွေဟာ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို အတူစဉ်းစားသင့်ပါတယ်။ ခါးနာတာ ပိုပိုဆိုးလာတဲ့ အခြေအနေကနေ စပြီး စဉ်းစားသင့်ပါတယ်။ လူ့ကိုယ်ခန္ဓာတွေဟာ စက်ကိရိယာတွေ မဟုတ်တာကြောင့် အမြဲ ကောင်းကောင်းအလုပ်လုပ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top