သင် ပုံမှန် ထိတွေ့နေတဲ့ အရာတွေထဲက အညစ်ပတ်ဆုံး အရာ (၅) ခု

dirtyhand-1.jpg

Time မဂ္ဂဇင်း website က ဖော်ပြထားတဲ့ စာရင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ညစ်ပတ်တယ်ဆိုတာ အမြင်အားဖြင့် ညစ်ပတ်တာထက် ဘတ်တီးရီးယား ပိုးမွှားတွေ တွယ်ကပ်နေတတ်တာမျိုးကို ပြောတာပါ။

၁) လက်သုတ်ပဝါ တွေ  – လက်ဆေးတဲ့ ဘုံဘိုင်တွေနားမှာ ထားတတ်တဲ့ လက်သုတ်ပဝါတွေဟာ ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေကျ အရာတွေထဲက အညစ်ပတ်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများဟာ လက်ကို အသေအချာ မဆေးကြဘဲ အဖြစ်သဘောလောက် ဆေးပြီး လက်လာသုတ်တတ်ကြပါတယ်။ ပြီးတော့ ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတွေဟာ စိုစွတ်နွေးထွေးတဲ့ နေရာတွေမှာ ပေါက်ဖွားတတ်ကြပါသတဲ့။ ဒါကြောင့် လက်သုတ်ပဝါတွေကို ၂ ရက်မှာ တစ်ခါ လျှော်ဖွပ်သင့်ပါသတဲ့။

၂) သွားပွတ်တံ ထည့်တဲ့ ခွက် –  ၂၀၁၁ ခုနှစ်မှာ လေ့လာတွေ့ရှိချက်တစ်ခု အရ မိသားစုရဲ့ သွားပွတ်တံတွေ စုပြီး ထည့်ထားတဲ့ ခွက်တွေ၊ ခြင်းတွေ ထဲမှာ လူကို နာမကျန်းဖြစ်စေနိုင်တဲ့ Coliform bacteria တွေ ၂၇ ရာခိုင်နှုန်းအထိ ပါဝင်နေတတ်ပါတယ်။

၃) ရေမြုပ် – အိုးခွက်ပန်းကန်တွေ ဆေးတဲ့ ရေမြုပ်တွေမှာလည်း Coliform bacteria တွေ နေထိုင်ပေါက်ဖွားတတ်တာမို့ ညစ်ပတ်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။

၄) မိုဘိုင်းဖုန်းတွေ – ဟုတ်ပါတယ် ။ ကျွန်တော်တို့ သုံးတဲ့ ဟမ်းဖုန်းတွေပါ။  ဖုန်း ခြောက်လုံးအနက် တစ်လုံးမှာ ဘတ်တီးရီးယား အမှုန်အမွှားတွေ ရှိနေတတ်ပြီး ဖုန်း screen ဟာ ဖုန်း တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ဖြစ်ပါတယ် တဲ့။

၅) ဈေးခြင်းတောင်း / လက်တွန်းလှည်းများ  –  ဈေးဝယ်ရာမှာ အသုံးပြုတဲ့ ခြင်းတောင်းတွေ /လက်တွန်းလှည်းတွေ မှာ လည်း ရောဂါပိုးမွှားတွေ အများအပြားပါဝင်နေတတ်ပါတယ်။ အကြောင်းအရင်းကတော့ ဈေးဝယ်တဲ့ အခါမှာ အသားစိမ်း၊ အသီးအရွက်စိမ်းတွေကို ထိတွေ့ကိုင်တွယ်ပြီးရင် အဲဒီ ခြင်းတောင်းတွေကို ပြန် ကိုင်ကြတာမို့ ပဲ ဖြစ်ပါတယ်။

လူတော်တော်များများက ခံနိုင်ရည် ရှိပေမယ့် မသန့်ရှင်းတဲ့ ၊ ဘတ်တီးရီးယားတွေ ရှိနေတဲ့ အရာတွေနဲ့ ရေရှည်ထိတွေ့တဲ့ အခါမှာ အရေပြားရောဂါ အပါအဝင် အခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ ညစ်ပေနေတဲ့ လက်နဲ့အစားအသောက်တွေ ကိုင်တွယ်မိရင် ဝမ်းရောဂါလို ရောဂါမျိုးတွေ ဖြစ်တတ်သလို မျက်နှာတွေ မျက်လုံးတွေ ကိုင်တွယ်မိရင်လည်း ပိုးဝင်တာ၊ ယားယံတာတွေ ဖြစ်စေတတ်ပါတယ်။ အကောင်းဆုံးကတော့ လက်ဆေးတဲ့ Hand Gel ကို သွားလေရာ ဆောင်ထားပြီး ပုံမှန် သန့်ရှင်းရေးလုပ်တာမျိုး နဲ့ ကာကွယ်တာပါပဲ။ အဲဒီလိုမှ မဟုတ်ဘဲ လက်ကို ဂရုတစိုက် ဆေးတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားတာဟာလည်း ကျန်းမာရေးအတွက် ကောင်းတဲ့ အကျင့်ပဲ ဖြစ်ပါတယ်။

Ref:TIME; 5 Dirtiest Things You Touch Everyday

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top