ဘီလျဂိတ်စ်နဲ့ မာချဇူကာဘာ့ခ်တို႔ကို စာသင်ပေးခဲ့သူ ဟားဗတ်ပါမောက္ခ ပြောပြတဲ့ သူ့တပည့်နှစ် ယောက်အကြောင်း

Professor-Lewis2-by-Eliza-Grinnell-1200x800.jpg

ဟားဗတ် ပါေမာက္ခတဈေယာက်တည်းက ဟားဗတ်မွာ ေၾကာင်းမပြီးဘဲ ေၾကာင်းထွက်သွားပြီး အေအာင်မြင်ဆုံး လူတွေဖြဈလာတဲ့ ဘီဂိတ်လ်နဲ႔ ဇူကာဘတ် ၂ေယာက်လုံးကို စာသင်ေပးခဲ့ဖူးတယ်ဆိုရင် တိုက်ဆိုင်တာထက် ပိုနေမလား။

အခုဆိုရင် အဲ့ဒီနှစ်ယောက်ထဲမှာ ၁ ယောက်က ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်ပြီး နောက်တစ်ယောက်ကတော့ စတုတ္ထမြောက် အချမ်းသာဆုံးလူဖြစ်နေပါပြီ။

အဲဒီ ပါမောက္ခကတော့ ဟားဗတ်မှာ ကွန်ပျုတာသိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေကို သင်ကြားပေးတဲ့ ဟယ်ရီ လူးဝစ်(Harry Lewis) ဖြစ်ပြီး သူဟာ ဟားဗတ်ရဲ့ ဒိတ်ဒိတ်ကြဲကျောင်းထွက် ၂ ယောက်ဖြစ်တဲ့ ဘီလ်ဂိတ်ကို ၁၉၇၆ ခုနှစ်မှာ စာသင်ပေးခဲ့ပြီး ၂၆ နှစ်အကြာ၊ ၂၀၀၂ ခုနှစ်မှာတော့ နောက်ထပ် ဒိတ်ဒိတ်ကြဲလူတစ်ယောက်ဖြစ်တဲ့ မာခ်ဇူကာဘာဂ်ျကို စာသင်ပေးခဲ့ရပါသေးတယ်။

ဘီလ်ဂိတ်ကို စာသင်ပေးတုန်းကဆို ဂိတ်ဟာ သူပေးတဲ့ အိမ်စာကို ဖြေရှင်းဖို့အတွက် ကျောင်းမှာ တစ်ညလုံးမအိပ်ပဲ အဖြေရှာသွားခဲ့တယ် လို့ ဟယ်ရီလူးဝစ်က ဆိုပါတယ်။ ဒါ့အပြင် ဇူကာဘတ်တုန်းကလည်း သူဆောက်နေတဲ့ ဆိုရှယ်နက်ဝက် ရှေ့ပြေး Website မှာ လူးဝစ်ရဲ့ နာမည်သုံးခွင့်ပြုဖို့ ခွင့်တောင်းခဲ့သေးတယ်လို့ ဟယ်ရီလူးဝစ် ကပြောပါတယ်။

ဟယ်ရီလူးဝစ်ဟာ ဟားဗတ်မှာပဲ အသုံးချသင်္ချာပညာနဲ့ Ph.D ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ သင်္ချာမဟာဌာနသို့ပြောင်းရွှေ့ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာ၊ သူ့အသက် ၂၈ နှစ်မှာ ဘီလ်ဂိတ်ကို စာစသင်ခဲ့ပြီး အသုံးချသင်္ချာ လက်ချာတန်းမှာ The Pancake Problem လို့ခေါ်တဲ့ ဉာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို ကျောင်းသားတွေအတွက် အိမ်စာပေးခဲ့ပါတယ်။

Pen cake Problem ဆိုတာ ဉာဏ်စမ်းတစ်ခု ဖြစ်ပြီး အရွယ်အစား အကြီးအသေး မညီတဲ့ Pencake တွေကို အစီအစဉ်တကျမဟုတ်ဘဲ ထပ်ထားပါတယ်။ အပေါ်ဆုံးက Pencake ၃ ခုအောက်မှာ ယောင်းမလို အပြားတစ်ချပ်ကို ထားပေးထားပါတယ်။ ကိုယ်လုပ်ရမှာ က အဲ့ဒီအရွယ်အစား အစီအစဉ်တကျ စီထားတာ မဟုတ်တဲ့ Pencake တွေကို အောက်ဘက်မှာ အကြီးဆုံးတွေထားပြီး အပေါ်ဘက်မှာ အသေးဆုံးရှိနေအောင် ယောင်းမကို သုံးကာ Pencake တွေကို အထက်အောက်လှန်ပြီး စီပေးရမှာ ဖြစ်ပါတယ်။

လူးဝစ်ရဲ့ စာသင်ခန်းထဲက ကျောင်းသားတွေအားလုံး ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဘီလ်ဂိတ်ဟာ တစ်ညလုံး ဒီဉာဏ်စမ်းအတွက် အဖြေရှာခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ လူးဝစ်ကို အဖြေနဲ့ တကွ လာပြခဲ့ပါတယ်။ ဘီလ်ဂိတ်ရဲ့ အဖြေဟာ လူးဝစ်အဖြေနဲ့ အနည်းငယ်ကွဲလွဲနေပေမဲ့ အဖြေကိုတော့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဘီလ်ဂိတ်ရဲ့ တစ်ခုတည်းသော လူသိများတဲ့ သင်္ချာ စာတမ်းတစ်ခုပါပဲ။

နောက်ပိုင်း ၁၉၇၅ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ဘီလ်ဂိတ်ဟာ သူ့ရဲ့ အတန်းဖော် ပေါလ်အယ်လန်နဲ့ အတူ Microsoft ကို တည်ထောင်တဲ့အချိန်မှာတော့ ဟားဗတ်ကျောင်းမှ နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူက သင်္ချာဉာဏ်စမ်းတွေ ဖြေရှင်းရတာ နှစ်သက်နေတုန်းပါပဲ။

“ဘီလ်ဂိတ်ဟာ သင်္ချာပါမောက္ခတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဂိတ်ဟာ ဉာဏ်စမ်းတွေ၊ စိန်ခေါ်မှုတွေကို ကြိုက်တဲ့လူတစ်ယောက်ဖြစ်ပြီး လူတွေမလုပ်နိုင်တာကို သူလုပ်နိုင်တဲ့အခါ ဂုဏ်ယူတတ်တဲ့လူတစ်ယောက်ပါ ” လို့လူးဝစ်ကဆိုပါတယ်။

ဘီလ်ဂိတ်ရဲ့ Microsoft ရဲ့ အောင်မြင်မှုကြောင့် ဘီလ်ဂိတ်ဟာ  Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးလူစာရင်းမှာ ၂၄ နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့ သူဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ၂၀၁၇ စက်တင်ဘာလစာရင်းအရ ၈၄.၄ ဘီလီယံ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

“ဘီလ်ဂိတ်တစ်ယောက် မိုက်ကရို ကွန်ပျုတာတွေကို အားကြိုးမာန်တက်လေ့လာနေတော့ ကျွန်တော် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကပြောတယ်။ ဒီကောင်ကွာ အခု ကွန်ပျုတာကြီးတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလို့ရအောင် ကြိုးစားနေရတဲ့ အချိန်မှာ မိုက်ခရိုကွန်ပျုတာတွေကို သွားလေ့လာနေတယ် လို့ ကျွန်တော်ကို လာပြောပါတယ်။ ဒီလို လုပ်ဖို့အတွက် နုပျိုတဲ့ စိတ်၊ ရှိပြီးသား နည်းပညာတွေကို မေ့ထားပြီး နည်းပညာသစ်တီထွင်လိုစိတ်၊ အသုံးဝင်မယ့် နည်းပညာပစ္စည်းသစ်တွေကို ရှာဖွေတီထွင်ချင်စိတ်ရှိလို့ပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ ပြောရရင် တခြားသူတွေရဲ့ ရှာဖွေတွေ့ရှိထားတာနောက် မလိုက်တတ်တဲ့အတွက် မသင့်လျော်တဲ့ ကျောင်းသားတစ်ယောက် လို့တောင် ပြောလို့ရပါတယ် လို့ လူးဝစ်ကပြောပါတယ်။

အခုချိန်မှာ အသက် ၇၀ ရှိနေပြီဖြစ်တဲ့ ဟယ်ရီလူးဝစ်ဟာ ဘီလ်ဂိတ်တစ်ယောက် စာသင်ခန်းထဲက နာရီကို အချိန်ပြောင်းနေတာ တစ်ခါမိဖူးကြောင်း၊ ဘာကြောင့် အချိန်တွေရွှေ့နေတာလဲဆိုတာကို မေးတဲ့အခါမှာ စာသင်တာမြန်မြန်ပြီးမှ ဘီလ်ဂိတ်အတွက် Computer Code ရေးဖို့ အချိန်ရမှာ မို့လို့ပါ လို့ ပြန်ပြောခဲ့တယ် လို့ လူးဝစ်ကပြောပါတယ်။

ဟားဗတ်မှာ ကွန်ပျုတာ သိပ္ပံနဲ့ သင်္ချာ သင်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဟယ်ရီလူးဝစ်ဟာ ဇူကာဘတ်တစ်ယောက် ကျောင်းတွင်းလုပ်ဆောင်ချက်တွေကိုတော့ မပြောခဲ့ဘဲ ဇူကာဘတ်ရဲ့ ကျောင်းပြင်ပ လုပ်ဆောင်ချက်တစ်ခုကိုတော့ပြောဆိုခဲ့ပါတယ်။

အဲ့ဒါကတော့ ၂၀၀၄ ခုနှစ်မှာ အသက် ၂၀ အရွယ်ဇူကာဘာဂ်ျတစ်ယောက် ဟယ်ရီလူးဝစ်အတွက် တည်ဆောက်ပေးခဲ့တဲ့ Six Degrees to Harry Lewis ဆိုတဲ့ Website ပါပဲ။ ဒီ Website ဟာ Facebook ရဲ့ ရှေ့ပြေးပုံစံတစ်ခုလည်း ဖြစ်ပါတယ်။ ဇူကာဘာဂ်ျဟာ ဟယ်ရီလူးဝစ်ကို Degrees to Harry Lewis ဆိုတဲ့ Website မှာ ဟယ်ရီလူးဝစ်ရဲ့ နာမည်အသုံးပြုခွင့်ရမလားလို့ လှမ်းခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ လူးဝစ်ကလည်း ဇူကာဘာဂ်ျကို သူ့နာမည် အသုံးပြုခွင့်ပေးခဲ့ပါတယ်။

Six Degrees to Harry Lewis Website မှာဆိုရင် ကျောင်းသားတွေက ပါမောက္ခလူးဝစ်ဆီကို Network မှတဆင့် ဆက်သွယ်လို့ ရနိုင်အောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Six Degrees Website တည်ဆောက်ပြီး လအနည်းငယ်အကြာမှာတော့ ဇူကာဘာဂ်ျဟာ ဒီ Website ကို နည်းနည်း ပြင်ဆင်ကာ The Facebook.com လို့နာမည်ပြောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇူကာဘာဂ်ျဟာ ဟားဗတ်ကနေ ကျောင်းထွက်သွားခဲ့ပြီး Silicon Valley သို့ပြောင်းသွားကာ Facebook ကို တည်ဆောက်ခဲ့ပါတယ်။

အခုချိန်မှာတော့ Facebook ကို အသုံးပြုနေသူ တစ်လ ၂ ဘီလီယံကျော်အထိရှိနေပါတယ်။ ဇူကာဘာဂ်ျရဲ့ ပိုင်ဆိုင်မှုကလည်း ၂၀၁၇ စက်တင်ဘာလ စာရင်းအရ ၇၁.၅ ဘီလီယံရှိပြီး ကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ လူးဝစ်ကတော့ Facebook နဲ့ Microsoft တို့ရဲ့အောင်မြင်မှုဟာ မတော်တဆတိုက်ဆိုင်ပြီး ဖြစ်သွားတာ မဟုတ်ကြောင်းဆိုပါတယ်။ သူ့တပည့် ၂ ယောက်လုံးဟာ တက္ကသိုလ်ပညာရေးက မပေးနိုင်တဲ့ အရာရဲ့ ထူးခြားမှုကို ကောင်းစွာသတိပြုမိတဲ့သူတွေ ဖြစ်ကြတယ် လို့ဆိုပါတယ်။
၂၀၀၀ ခုနှစ် အစောပိုင်းတုန်းက ဟားဗတ် လူမှုဗေဒနဲ့ စိတ်ပညာဗေဒဌာနတွေက ဆိုရှယ်နက်ဝေါ့ အကြောင်း သုတေသန လုပ်ခဲ့ကြပေမဲ့ သူတို့ နည်းလမ်းတွေက ခေတ်နောက်ကျနေခဲ့တယ် လို့ လူးဝစ်ကဆိုပါတယ်။ အဲ့အချိန်တုန်းက ရည်ရွယ်ချက်ကြီးတဲ့ ဇူကာဘာဂ်ျတစ်ယောက် ဟားဗတ်တက္ကသိုလ်က စိတ်ပညာနဲ့ ကွန်ပျုတာ ဌာနတွေအကြား အကြိမ်ကြိမ်သွားခဲ့ပြီး သူစိတ်ဝင်စားရာ ဘာသာရပ်တွေကို သင်ယူခဲ့တယ် လို့ လူးဝစ်ကပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလမှာတော့ ဇူကာဘာဂ်ျဟာ ဟားဗတ်သို့ပြန်လာခဲ့ကာ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံခဲ့ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ “ဟားဗတ်တက္ကသိုလ်မှာ ခင်ဗျားတို့အားလုံးရဲ့ ပထမဆုံး တက်ခဲ့ရတဲ့ အတန်းက ဘာအတန်းလဲ။ ကျွန်တော်ကတော့ ကွန်ပျူတာ သိပ္ပံ ၁၂၁ ဖြစ်ပြီး အရမ်းထူးခြားတဲ့ ဟယ်ရီလူးဝစ်နဲ့ စသင်ခဲ့ရတာပါလို့ ”မာခ်ဇူကာဘာဂ်ျက မိန့်ခွန်းထဲမှာ သူ့ဆရာအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

သူ့ရဲ့ ဒိတ်ဒိတ်ကြဲ ၂ ဦးနဲ့ ပတ်သတ်ပြီး လူးဝစ်ရဲ့အမြင်

“ဘဝမှာ အောင်မြင်ဖို့အတွက် ပညာရေးမလိုအပ်ဘူးဆိုတာကို ဒီနှစ်ယောက်က သက်သေပြနေတယ် လို့လူတွေကပြောတတ်ကြတယ်။ ဒီအဆိုကို ကျွန်တော် လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘီလ်ဂိတ်နဲ့ ဇူကာဘာဂ်ျနှစ်ယောက်လုံး ဟားဗတ်ကို မရောက်လာခင်ကတည်းက ပညာ ကောင်းကောင်းသင်ခဲ့ရတဲ့ လူတွေပါ။” လို့ပြောခဲ့ပါတယ်။ (ဘီလ်ဂိတ်ဟာ ဆီယက်တယ်မြို့မှာ ရှိတဲ့ prestigious Lakeside School မှ အထက်တန်းအောင်ခဲ့တာ ဖြစ်ပြီး ဇူကာဘာဂ်ျကျတော့ နာမည်ကျော် Phillips Exeter Academy မှ အထက်တန်းအောင်ခဲ့တာ ဖြစ်ပါတယ်။ ) သူတို့နှစ်ယောက်လုံးဟာ တက္ကသိုလ်မရောက်ခင် အထက်တန်းကျောင်းမှာကတည်းက ကွန်ပျူတာပိုင်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်နေသူတွေပါ)

ပါမောက္ခလူးဝစ်ကတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ အနားယူမယ်လို့ကြေညာခဲ့ပြီး အခုအချိန်မှာ သူဟာ သူ့ရဲ့ တပည် ဘီလ်ဂိတ်နဲ့ ပေါလ်အယ်လန် ရေးခဲ့တဲ့  ကွန်ပျူတာ Basic Code တွေကို ပြန်လည် စီစဉ်ခြင်းလုပ်ငန်းကို လုပ်နေပါတယ်။

Ref : Harvard Professor Who Taught Gates And Zuckerberg

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top