သူတို့စိတ်ဝင်စားတဲ့ ကောင်လေးတွေဆို ကောင်မလေးတွေက ဘယ်လိုစာမျိုးတွေပို့ကြမလဲ

yyl-001-7.jpg

ယနေ့ခေတ်မှာ WhatsApp, ဖေ့စ်ဘွတ်ခ်၊ Viber အပါအဝင် စာပို့လို့ရတဲ့ လူမှုကွန်ယက်တွေကတော့ အများကြီးပါပဲ။ အဲဒီကနေတဆင့် ကိုယ့်အတွက် အရေးပါတဲ့ လူတစ်ယောက်ပေါ်ထားရှိတဲ့ မိမိရဲ့ခံစားချက်ကို ထုတ်ပြဖို့ဆိုတာ အရမ်းလွယ်ကူလာပါပြီ။ ဒါပေမဲ့ တစ်စုံတစ်ယောက် ပို့တဲ့စာက သင့်ကို စိတ်ဝင်စားလို့ပို့တာလား၊ ခင်ချင်လို့ပို့တာလား၊ ဘယ်အဓိပ္ပာယ်ကြောင့် ပို့တာလဲဆိုတာတော့ တစ်ခါတရံ စဉ်းစားရခက်စေပါတယ်။ အခုဆောင်းပါးမှာ ပြောပြချင်တာက ကောင်မလေးတွေ သူတို့စိတ်ဝင်စားတဲ့၊ သူတို့ဒိတ်ချင်တဲ့ ကောင်လေးတွေကိုသာ ပို့တဲ့ မက်ဆေ့စ်အမျိုးအစား တွေဖြစ်ပါတယ်။ ကဲ…ရိုးရာလေးပရိသတ်တွေထဲမှာ ကောင်မလေးဆီကနေ မကြာခဏစာပို့တာကို ခံနေရတဲ့သူတွေရှိလား။ သူပို့တဲ့စာတွေက ဘယ်လိုအဓိပ္ပာယ်လည်းဆိုတာကို သိချင်ရင် ဝင်ဖတ်ကြည့်ကြပါနော်…။

စာသားမှာ ကောင်လေးရဲ့နာမည်ပြောင်ကို အသုံးပြုတာ

ကောင်မလေးတစ်ယောက်က သင့်ဆီစာပို့တဲ့အခါ သင့်နာမည်ကို အသုံးပြုတယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ လက္ခဏာရပ်တော့ မရှိနိုင်တော့ပါဘူး။ ပုံမှန်ဆိုရင် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့သူ၊ ချစ်ခင်တဲ့သူတွေကိုသာ နာမည်ပြောင်ပေးပြီး ခေါ်ကြပါတယ်။ သင့်အတွက် သီးသန့်နာမည်ပြောင်နဲ့ စာပို့လာပြီးဆိုရင် သင့်အပေါ်ကို သာမန်ထက်ပိုနေတဲ့ သဘောပါပဲ။

မကြာခဏဆိုသလို ကိုယ်ပိုင် အီမိုဂျီ (သို့) စတစ်ကာတွေ သုံးတာ

လူတွေက အခြားလူနဲ့ သူတို့မျှဝေချင်တဲ့ Relationship အမျိုးအစားပေါ်မူတည်ပြီး စာပို့တဲ့အခါ သီးသန့်အီမိုဂျီတွေကို သုံးကြတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ဥပမာ သာမန်စကားပြောဆိုတဲ့ အတောအတွင်းမှာ အီမိုဂျီနဲ့ စတစ်ကာသုံးတာကို တတ်နိုင်သမျှ ရှောင်ကြပါလိမ့်မယ်။ သူငယ်ချင်းကို ပို့တဲ့ အီမိုဂျီနဲ့ ကိုယ့်စိတ်ဝင်စားတဲ့သူဆီ ပို့တဲ့ အီမိုဂျီတွေက ကွဲပြားကြပါတယ်။ ဒါကြောင့် ကောင်မလေးတစ်ယောက်က သင့်ဆီ စာပို့ရင်း Love အီမိုဂျီနဲ့ စတစ်ကာတွေကို ပို့နေခဲ့တယ်ဆိုရင် သင့်ကို စိတ်ဝင်စားနေတာဖြစ်နိုင်ပြီး သင် ချိန်းဆိုလာမှာကို စောင့်ဆိုင်းနေတာ ဖြစ်နိုင်ပါတယ်။

အားလပ်ရက်တွေကို မေးတာ

သင့်အားလပ်ရက်အစီအစဉ်ကို မေးတဲ့စာတွေ မကြာခဏလိုလို ပို့တယ်ဆိုရင် သင့်ရဲ့အားလပ်ရက် အစီအစဉ်မှာ သူမက ပါဝင်ချင်တာဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ စနေနေ့မနက်ခင်းမှာ သင့်ကို စာပို့လာရင် သူမနဲ့ တွေ့ဆုံဖို့အတွက် သင်ချိန်းဆိုလို့ရပါတယ်။

သင့်ရဲ့ ပရိုဖိုင်ပုံ တင်တင်ချင်း ချက်ချင်း ကွန်မန့်ပေးတာ

သင့်ပရိုဖိုင်ပုံ ပြောင်းလဲတာကို ချက်ချင်း သတိပြုမိတဲ့ ကောင်မလေးရှိနေပြီလား။ သင် တင်တဲ့စာသား၊ သင် ပြောင်းလိုက်တဲ့ပရိုဖိုင်တွေမှာ တစ်မိနစ်မှ အစွန်းမခံဘဲ ချက်ချင်းကွန်မန့်ပေးတာက သင် အကောင့်ကို အမှန်လိုလိုစစ်နေပြီး သင့်ကိုစိတ်ဝင်စားနေတာ ဖြစ်နိုင်ပါတယ်။

သူမရဲ့ ငယ်ငယ်က ပုံတွေကို ပြတာ

ကျွန်တော်တို့တွေအားလုံးက ပုံဆိုရင် အမိုက်စားဖြစ်ချင်ကြပြီး အက်ပလီးကေးရှင်းမျိုးစုံနဲ့ ပုံကောင်းတစ်ပုံထွက်ဖို့အတွက် ပြုပြင်ကြတာပါ။ ပုံတွေထဲမှာမှ ငယ်ဘဝဓာတ်ပုံတွေက ချစ်စရာကောင်းနိုင်ပေမဲ့ အဲဒီပုံကို အခြားသူတွေကို မပြချင်ကြတာများပါတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့သူတွေကိုသာ ငယ်ဘဝပုံတွေကို ပြကြတာပါ။ တစ်စုံတစ်ယောက်က သင့်ကို စာပို့ရင်း သူ့ငယ်ဘဝပုံတွေကို ပြလာပြီးဆိုရင် သူ့ဘဝမှာ သင်ဟာ အရေးပါတဲ့သူတစ်ယောက် ဖြစ်ပုံရပါတယ်။

Ref: 5 types of messages women send only to the man they want to date

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top