ထူးဆန်းလွန်းစွာ သွားအရေအတွက် (၅၂၆) ချောင်းပေါက်နေတဲ့ကလေးငယ်

teeth52601.jpg

ပြီးခဲ့တဲ့လတုန်းက အသက် (၇) နှစ်အရွယ် အိန္ဒိယကလေးငယ်တစ်ဦးဟာ သူ့ရဲ့အောက်မေးရိုးအံသွားရင်းနားမှာ ရောင်ရမ်းပြီး မခံမရပ်နိုင်၊ နာကျင်နေရတာကြောင့် ဆရာဝန်တွေက အကြောင်းအရင်းကို အဖြေရှာခဲ့ကြပါတယ်။ ကလေးရဲ့ပါးစပ်ကို ဓာတ်မှန်ရိုက်ကြည့်လိုက်အခါမှာတော့ အောက်မေးရိုးနေရာမှာအရည်အိတ်ငယ်လေးတစ်ခုကို တွေ့ခဲ့ကြတဲ့အပြင် ပုံမှန်ထက်အဆမတန်များပြီးပေါက်နေတဲ့သွားတွေကို အံအားသင့်စရာ တွေ့ခဲ့ကြရပါတယ်။

ကလေးရဲ့ပါးစပ်ထဲက အရည်အိတ်ကိုဖယ်ရှားပေးဖို့အတွက် ခွဲစိတ်ဆရာဝန်နှစ်ဦးဟာ (၄ – ၅) နာရီလောက် အချိန်ယူလုပ်ဆောင်ခဲ့ရပါတယ်။

ကလေးရဲ့ မေးရိုးနာရတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ပါးစပ်ထကဲ သွား (၅၂၆) ချောင်းကြောင့်ဖြစ်ပြီး အဲဒီသွားတွေက အရှည် (ဝ.၁) မီလီမီတာကနေ (၁၅) မီလီမီတာအထိ အသီးသီးရှိနေကြတယ်လို့ ဆိုပါတယ်။ ဒီသွားတွေကို ခွဲစိတ်ဖယ်ရှားမပစ်ဖို့ခင်မှာ ဆရာဝန်တွေက သွားတစ်ချောင်းချင်းစီကို အချိန်ယူစစ်ဆေးခဲ့ကြပါတယ်။

“ကလေးက ခွဲစိတ်ပြီး သုံးရက်မြောက်မှာပဲ ဆေးရုံဆင်းကဆင်းခွင့်ရပြီး အပြည့်အဝပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီကလေး ခံစားခဲ့ရတာက Compound Composite Odontoma လို့ခေါ်တဲ့ ရှားပါးလွန်းတဲ့အခြေအနေတစ်မျိုးပါ။ အဲဒီလိုဖြစ်စေတာ ဘာကြောင့်လဲဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့လို့ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်အခြေအနေရဲ့ သက်ရောက်မှုတချို့ကြောင့်လည်းဖြစ်နိုင်တယ်” လို့ ဒေါက်တာ ပရာသီဘာ ရာမနီ (Dr. Prathiba Ramani) က ပြောပါတယ်။

ကလေးရဲ့မိဘတွေဟာ သူတို့ရဲ့ကလေး အသက် (၃) နှစ်သားလောက်မှာ မေးရိုးရောင်ရမ်းမှုကို စသတိထားမိလာကြတာပါ။ ဒါပေမဲ့ဆရာဝန်နဲ့ ပြသစစ်ဆေးတာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။ “သွားပြဿနာတွေကို ဖြစ်နိုင်ရင် သိသိချင်းပဲ ကုသမှုခံယူဖို့အရေးကြီးပါတယ်။ အခုခေတ် လူအများစုမှာ သွားနဲ့ခံတွင်းကျန်းမာရေးအသိအမြင်တွေရှိကြပေမဲ့ ကျေးလက်ဒေသတွေမှာက မသိနားမလည်မှုတွေရှိနေပါသေးတယ်” လို့ ဒေါက်တာ ဆန်သီနာသန် (Dr.Senthilnathan) က ပြောပြခဲ့ပါတယ်။ အခုတော့ အဲဒီကလေးငယ်ဟာ ပုံမှန်လူတွေလိုပဲ သွား (၂၁) ချောင်းကို ပြန်လည်ပိုင်ဆိုင်နေပါပြီ။

Ref: CNN “Doctors find 526 teeth in boy’s mouth in India”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top