ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းစဉ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံမှ Sing Health အဖွဲ့၊ Temasek Foundation တို့အကြားသဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို သြဂုတ် ၁၉ ရက်၊ နံနက်ပိုင်းကနေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။
ယခုကဲ့သို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိဆေးရုံပေါင်း ၄၀ ကျော်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၇၀၀ ဦးကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးမြင့်မားမှု၊ လူနာဘေးကင်းလုံခြုံမှု၊ ရောဂါပိုးကူးစက် ပြန့်ပွားမှုများကိုကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အထိ ၃ နှစ်တာကာလဆောင်ရွက်သွားမည်ဖြစ်သည်။
KST (ရိုးရာလေး)