လားရှိုးမြို့တိုက်ပွဲရှောင်ပြည်သူတွေနဲ့ နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်မှာကျဆုံးသွားသူ (၁၄) ဦးကို သွားရောက်ထောက်ပံ့

local_04.jpg

လားရှိုးမြို့တိုက်ပွဲရှောင်ပြည်သူတွေနဲ့ နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်မှာကျဆုံးသွားသူ ၁၄ ဦးကိုသွားရောက် ထောက်ပံ့ခဲ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် သြဂုတ် ၁၉ ရက်ကလားရှိုးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်(၆၅)အိတ်၊ ငါးသေတ္တာ (၂၆၈)ဘူး၊ ဆီ(၆၇)ပိသာ၊ ကလေးငယ်များအတွက် အာဟာရမုန့်နှင့် အရုပ်များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရင်ခွင်မဲ့ကလေး(၃၂၂)ဦးအတွက် စောင်(၃၂၂)ထည်တို့ကိုသွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီခန်းမတွင်လည်း နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်အတွင်းကျဆုံးသွားသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများစုစုပေါင်း (၁၄)ဦးအတွက် တစ်ဦးလျှင် ၅ သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်း(၇၀)ကိုထောက်ပံ့ပေးအပ်ခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top