လူနာတွေဘေးကင်းလုံခြုံဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ Sing Health အဖွဲ့တို့ သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုး

local_05.jpg

လူနာတွေ ဘေးကင်းလုံခြုံဖို့အတွက် ဝန်ကြီးဌာနဲ့ စင်ကာပူနိုင်ငံကအဖွဲ့တို့ သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့သတင်း

ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းစဉ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံမှ Sing Health အဖွဲ့၊ Temasek Foundation တို့အကြားသဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို သြဂုတ် ၁၉ ရက်၊ နံနက်ပိုင်းကနေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိဆေးရုံပေါင်း ၄၀ ကျော်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၇၀၀ ဦးကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးမြင့်မားမှု၊ လူနာဘေးကင်းလုံခြုံမှု၊ ရောဂါပိုးကူးစက် ပြန့်ပွားမှုများကိုကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အထိ ၃ နှစ်တာကာလဆောင်ရွက်သွားမည်ဖြစ်သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top