ထိုင်းဘုရင့်ကြင်ယာတော်ဓာတ်ပုံတွေကြောင့် ထိုင်းနန်းတော်ဝက်ဘ်ဆိုက် ဝင်ကြည့်မရအောင်ဖြစ်ခဲ့

thai.jpg

ထိုင်းဘုရင့်ကြင်ယာတော်သစ်ရဲ့ ရှားရှားပါးပါး ဓာတ်ပုံတွေ ဖော်ပြခဲ့ရာမှာ ဝင်ရောက်ကြည့်ရှုသူ များလွန်းလို့ ထိုင်းနန်းတော်ဝက်ဘ်ဆိုက် ဝင်မရအောင် ဖြစ်သွားခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ အသက် ၃၄ နှစ်ရှိတဲ့ စင်နီနက်ကို တိုက်လေယာဉ် ပိုင်းလော့ပုံစံ၊ တိုက်ပွဲဝင် ပျောက်ကျားဝတ်စုံဝတ်ထားတဲ့ပုံစံ၊ သေနတ် ပစ်ခတ်နေတဲ့ပုံစံတွေနဲ့ မြင်တွေ့ရမှာပါ။

ထိုင်းဘုရင်ရဲ့ လက်တွဲဖော်ကို ကြင်ယာတော်ဘွဲ့ ပေးအပ်လေ့ရှိပါတယ်။ အသက် ၆၇ နှစ်ရှိတဲ့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းဟာ သူ့ရဲ့စတုတ္ထအိမ်ထောင်ဖြစ်တဲ့ မိဖုရားခေါင်ကြီး ဆူသီဒါနဲ့ လက်ထပ်ပြီး ၂ လအကြာမှာ စင်နီနက်ကို ကြင်ယာတော်ဘွဲ့ နှင်းအပ်ခဲ့တာပါ။ စင်နီနက်ဟာ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ်ရာထူးရှိသူပါ။ ထိုင်းနိုင်ငံမှာ ဘုရင့်ကြင်ယာတော်ရာထူး နှင်းအပ်မှုဟာ ရာစုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးဖြစ်ပါတယ်။ ဘုရင့်ကြင်ယာတော် စင်နီနက်ရဲ့ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့ကိုယ်ရေးရာဇဝင် အကျဉ်းကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ စင်နီနက်ဟာ လေယာဉ်မှူးဖြစ်ဖို့ လေ့ကျင့်နေသူ၊ သူနာပြု၊ သက်တော်စောင့်တာဝန်တွေ ထမ်းဆောင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top