ဖိနပ်နဲ့ ပတ်သက်ပြီး အသုံးဝင်စေမယ့် နည်းလမ်းတွေ

shoes01.jpg

ဖိနပ် တော်တော်များများက နှစ်တိုင်းလိုလို စွန့်ပစ်ပစ္စည်းတွေအဖြစ် အမှိုက်ပုံးထဲမှာပဲ စုပြုံလာနေကြတာဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းအနေနဲ့ အမှိုက်ပုံးထဲမရောက်အောင် ဖိနပ်အဟောင်းတွေကို ဘယ်လိုဂရုစိုက်ပြီး သစ်လွင်သွားအောင် လုပ်လို့ရမလဲဆိုတာလေ့လာခြင်းဖြင့် အလဟာသ စွန့်ပစ်ရခြင်းကနေ လျော့ချလို့ရနိုင်ပါတယ်။ ဒါကြောင့် ဖိနပ်အဟောင်းတွေကို အသစ်နှင့်တူအောင်လုပ်လို့ရနိုင်၊ထိန်းသိမ်းလို့ရနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁ ချော်တတ်တဲ့ဖိနပ်တွေကို မချော်အောင်ကော်အသုံးပြုပါ

ချော်နေတဲ့ဖိနပ်ရဲ့အောက်ခြေကို ကော်အသုံးပြုပြီး အဆင်းတွေဖြစ်အောင်လုပ်ပေးလိုက်ရုံနဲ့ မချော်အောင် ကူညီပေးပါလိမ့်မယ်။

၂ ဖိနပ်အနံ့ဆိုးတွေကို ဖယ်ရှားဖို့ ကလေးပေါင်ဒါမှုန့်နဲ့ Dry Shampoo တွေကိုအသုံးပြုပါ

ဖိနပ်အနံ့ဆုံးတွေ ဖယ်ရှားချင်ရင် သင့်ခြေထောက်ကို dry shampooကို ဖြန်းပေးလို့ရသလို အနံ့ဆိုးတွေ စုပ်ယူပစ်ဖို့အတွက် ဖိနပ်ထဲကို ဖြန်းပေးလို့လည်းရပါတယ်။ ကလေးပေါင်ဒါမှုန့်ကလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃ ဆီစွန်းနေတဲ့ ကတ္တီပါဖိနပ်ကို သန့်ရှင်းအောင် ပေါင်မုန့်ကိုအသုံးပြုပါ

ပေါင်မှုန့်က ကတ္တီပါအသားကို မပျက်စီးဘဲနဲ့ ဖိနပ်ပေါ်က အစွန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၄ ဖိနပ်ကို သစ်လွင်သွားအောင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ မုန့်ဖုတ်ဆိုဒါတွေကို အသုံးပြုပါ

သင့်ဖိနပ် ပြန်ပြီး သစ်လွင်သွားအောင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို အသုံးပြုပြီး နှစ်နာရီလောက် ခြောက်သွားအောင်ထားရပါမယ်။ အဲဒီနောက်ဖယ်ရှားလိုက်ပါ။

၅ ရှုးဖိနပ်ပုံကျအောင် ဝိုင်ပုလင်းတွေကို အသုံးပြုပါ

ရှုးဖိနပ်ထဲကို ဝိုင်ပုလင်းထည့်ပေးတာက သင့်ဖိနပ်ကို ပုံကျအောင် အလွယ်တကူကူညီပေးပါလိမ့်မယ်။

၆ သားရေဖိနပ်တွေအတွက် ဆံပင်ပျော့ဆေးအသုံးပြုပါ

ဆံပင်ပျော့ဆေးက သားရေဖိနပ်တွေကို ပြောင်လက်အောင်စေလုပ်ပေးရုံသာမက သားရေသားမပျက်စီးအောင်လည်း ကူညီပေးပါတယ်။

၇ မဲညစ်နေတဲ့ဖိနပ်ထိပ်တွေကို သန့်ရှင်းချင်ရင် လက်သည်းဖျက်ဆေးကိုအသုံးပြုပါ

ဖိနပ်တွေ ပေကျံ၊မဲညစ်နေရင် လက်သည်းဖျက်ဆေးအနည်းငယ်ကို ဝါဂွမ်းစပေါ် စွပ်လိုက်ပြီး အဲဒီဝါဂွမ်းစနဲ့ ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ပေးပါ။ အဲဒီလို ပွတ်တိုက်သန့်စင်ပေးခြင်းအားဖြင့် ဖိနပ်မှာ ညစ်ပစ်နေတာတွေကို ဖယ်ရှားပေးလို့ရပါတယ်။

Ref: Brightside “Easy and Cheap Ways to Take Care of Your Shoes”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top