Vivo ဟာ သူတို့ရဲ့ V series ထုတ်ကုန်ဖြစ်တဲ့ V7 Gold color ကိုပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကစပြီး ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။ ဈေးကွက်ပြိုင်ဆိုင်မှုတွေကြောင့် Vivo ဟာ ပြိုင်ဘက်တွေကိုလက်ဦးမှုရယူတဲ့အနေနဲ့ ထုတ်ကုန်မိတ်ဆက်ပွဲ မပြုလုပ်မီမှာပဲ တိုက်ရိုက်ဖြန့်ချိခဲ့တာပါ။
ဒါပေမယ့်လည်း Vivo ဟာ အစဉ်အလာအတိုင်း V7 အတွက် မိတ်ဆက်ပွဲကိုတော့ ပြုလုပ်သွားဦးမှာပါ။ ဒီမိတ်ဆက်ပွဲကိုလာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့၊ ရန်ကုန်မြို့မှာပဲ ပြုလုပ်သွားမယ်လို့ သတင်းရရှိပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီပွဲမှာ Vivo ရဲ့ ထုံးစံအတိုင်းဖျော်ဖြေရေးအစီအစဉ်တွေ၊ ဝယ်ယူသူတွေအတွက် အထူးအစီအစဉ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
လက်ရှိတင်သွင်းရောင်းချနေတဲ့ V7 ဟာ V7+ ထက် ကိုယ်ထည်ပမာဏအနည်းငယ် သေးငယ်သွားပေမဲ့ အဓိကအားသာချက်တွေဖြစ်တဲ့ FullViewTM Display နဲ့ 24MP အရှေ့ ကင်မရာတို့ ပါဝင်နေပါသေးတယ်။ V7 ရဲ့ FullViewTM Display မျက်နှာပြင်အကျယ်ဟာ 5.7 လက်မရှိပြီးResolution အနေနဲ့ 1440 x 720 HD ကိုထောက်ပံ့ပေးထားပါတယ်။ 3000mAh ဘက်ထရီကိုအသုံးပြုထားပြီး Operation System အနေနဲ့ကတော့ Funtouch OS 3.2 (based on Android 7.1) ကိုအသုံးပြုနိုင်မှာပါ။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB တို့ပါဝင်ပြီး micro SD Card နဲ့ဆိုရင် 256GB အထိတိုးချဲ့နိုင်ပါတယ်။
V7 ရဲ့ ဈေးနှုန်းက ၃၄၉ ၀၀၀ ကျပ်ဖြစ်ပြီးလက်ရှိအချိန်မှာ Gold color တစ်မျိုးတည်းရသေးပေမဲ့ ဒီမိတ်ဆက်ပွဲမှာတော့V7 black color ကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။