ဇန်နဝါရီလမှာ တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမယ့် ဆူဇီ

suzy.jpg

လတ်တလော လူကြိုက်များနေတဲ့ While You Were Sleeping ကိုရီးယား ဒရာမာ စီးရီး မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆူဇီက ဇန်နဝါရီလမှာ တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိဖို့ ရှိတယ်လို့ သိရပါတယ်။

သူမက miss A အဖွဲ့မှာ ပါဝင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ အပြင် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ရိုးရာလေး ပရိသတ်တွေ အနေနဲ့ သူမကို Dream High, Uncontrollably Fond စတဲ့ စီးရီးတွေနဲ့ တွဲပြီး မှတ်မိနေမယ် ထင်ပါတယ်။

ဆူဇီက လက်ရှိမှာ သူမရဲ့ အယ်ဘမ်မှာပါဝင်မယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သူမရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment က ပြောကြားလိုက်ပါတယ်။ အယ်ဘမ် ထွက်ရှိမယ့် ရက် အတိအကျကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။

ဆူဇီက သူမနဲ့ နှစ်နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ လီမင်ဟိုနဲ့ မကြာခင်ကပဲ လမ်းခွဲလိုက်တာပါ။ အနုပညာ အလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ သူမရဲ့ နောက်ထပ် အနုပညာ ခြေလှမ်းသစ် တစ်ခု ဖြစ်လာမယ့် တစ်ကိုယ်တော် အယ်ဘမ်ကိုတော့ မကြာခင်မှာ နားထောင်ရတော့မှာပဲ ဖြစ်ပါတယ်။
Ref: Soompi
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top