နောက်ဆုံးပေါ်မျိုးဆက်သစ် Galaxy S10 စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

2-1.jpg

ပထမဆုံးသော Galaxy S စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစပြီး ဆယ်နှစ်တာအချိန်ကာလတစ်ခုသို့ ရောက်ရှိလာသည့်အထိမ်းအမှတ်အဖြစ် Samsung Electronics Co., Ltd သည် အရည်အသွေးမြင့် စမတ်ဖုန်းသစ်များဖြစ်ကြသည့် Galaxy S10 စီးရီးသစ်စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်လိုက်သည်။ ထူးခြားဆန်းသစ်သော စမတ်ဖုန်းသစ်များ မိတ်ဆက်မှုနှင့်အတူ Galaxy S10 စီးရီးတွင် မျိုးဆက်သစ်အတွေ့အကြုံများအား သုံးစွဲသူများ သဘောကျနှစ်ခြိုက်သည့် သက်ဆိုင်ရာနယ်ပယ်အလိုက် ဖုန်းမျက်နှာပြင်၊ ကင်မရာ နှင့် စွမ်းဆောင်ရည်တို့တွင် တီထွင်ဖန်တီးဆန်းသစ်မှုများအား ထည့်သွင်းထားသည်။

ဆယ်စုနှစ်တစ်ခုတာ တီထွင်ဖန်တီးဆန်းသစ်မှုများ၏ အထောက်အထားအနေဖြင့် အရည်အသွေးမြင့် စမတ်ဖုန်းပိုင်ဆိုင်လိုသူများအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည့် Galaxy S10 တွင် စွမ်းအားမြင့် စွမ်းဆောင်ရည် နှင့် တစ်ဆင့်ထပ်မံတိုးမြှင့်ထားသော မျိုးဆက်သစ်ဖုန်းအသုံးပြုမှုအတွေ့အကြုံများအား ထည့်သွင်းပေးထားသည်။

အထူးမွမ်းမံထားသော စမတ်ဖုန်းအား သုံးစွဲလိုသူများအနေဖြင့် ဖုန်းမျက်နှာပြင်၊ ကင်မရာ နှင့် စွမ်းဆောင်ရည် အစရှိသည့် လုပ်ဆောင်ချက်တစ်ခုချင်းစီအား တစ်ဆင့်ထပ်မံတိုးမြှင့်ထားသော Galaxy S10+ အား ရွေးချယ်နိုင်သည်။ ပြန့်ပြူးသောမျက်နှာပြင်နှင့်အတူ ကျစ်လျစ်သော အရွယ်အစားနှင့်ထုတ်လုပ်ထားသော Galaxy S10e တွင် မရှိမဖြစ်လိုအပ်သော အရည်အသွေးမြင့် လုပ်ဆောင်ချက်များကို သုံးစွဲလိုသူများအတွက် ထည့်သွင်းပေးထားသည်။ အသစ်ထပ်မံထွက်ရှိလာသော Dynamic AMOLED မျက်နှာပြင်၊ နောက်ဆုံးပေါ်မျိုးဆက်သစ်ကင်မရာ နှင့် ဉာဏ်ရည်မြင့် စွမ်းဆောင်ရည် တို့အားထည့်သွင်းထားသော Galaxy S10 စီးရီးသစ်များသည် သုံးစွဲသူများအတွက် ရွေးချယ်မှုများ ပိုမိုပေးစွမ်းနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းများအတွက် စံနှုန်းသစ်များကို ထပ်မံသတ်မှတ်ပေးလိုက်သည်။

မြန်မာနိုင်ငံရှိ Samsung ချစ်သူများအနေဖြင့် ကြိုတင်မှာယူလိုပါက ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၁၁ ရက်၊ ၂၀၁၉ အတွင်း ဖုန်းလက်ကျန်ရှိသည်အထိ နီးစပ်ရာ Samsung အရောင်းဆိုင်နှင့် ရန်ကုန်၊ မန္တလေးမြို့အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ်ပေးသွင်း၍ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် မှာယူထားသော ဖုန်းများအား အဆိုပါဆိုင်များတွင် မတ်လ ၁၆ ရက်၊ ၂၀၁၉ မှစတင်၍ သွားရောက်ထုတ်ယူနိုင်သည်။ အထူးအခွင့်အရေးအနေဖြင့် ကြိုတင်မှာယူသူများသည် ငွေကျပ် ၂၀၀,၀၀၀ တန်ဖိုးရှိ Galaxy Buds နားကြပ်အသစ်တစ်စုံအား အထူးလက်ဆောင်အနေဖြင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် Galaxy S10 ဖုန်းဝယ်ယူသူများအနေဖြင့် အထူးခံစားခွင့်များပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိမည်ဖြစ်သည်။

Galaxy S10 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် Mytel Myanmar နှင့် ပူးပေါင်းထားသည်။ ထို့ကြောင့် Galaxy S10 ဖုန်းဝယ်ယူသူများအနေဖြင့် လစဉ် အင်တာနက်လက်ဆောင် 3GB နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ် ၃၀၀ အား ခြောက်လဆက်တိုက်ရရှိမည်ဖြစ်သည်။

Galaxy စမတ်ဖုန်းသစ်မိတ်ဆက်မှုအထိမ်းအမှတ်အနေဖြင့် Samsung Myanmar မှ နာမည်ကျော် အွန်လိုင်းဖျော်ဖြေရေးအက်ပလီကေးရှင်းဖြစ်သည့် Cookie TV နှင့် ပူးပေါင်းထားသောကြောင့် Galaxy S10 ဝယ်ယူသူများအနေဖြင့် ၂၃,၇၀၀ ကျပ် တန်ဖိုးရှိ ထိရှ အထူးပက်ကေ့ချ် (နိုင်ငံတကာဆိုင်ရာ TV Channel အခု ၅၀ ပါဝင်) အား ဝယ်ယူသည့်နေ့မှစတင်၍ သုံးလဆက်တိုက် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ အဆိုပါအထူးအစီအစဉ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိသာ ပြုလုပ်သွားမည်ဖြစ်သည်။

Galaxy S10 စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် မတ်လ ၁၈ ရက်၊ ၂၀၁၉ မှစတင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy S10e အား တမူထူးခြားလှပသော အဝါရောင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy S10 နှင့် S10 plus တို့အား လှပဆန်းသစ်သော အရောင်ပြေးများဖြစ်သည့် အစိမ်းရောင်၊ အမည်းရောင် နှင့် အဖြူရောင် အစရှိသဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ အရွယ်အစားအနေဖြင့် ပိုမိုများပြားသော ဖုန်းတွင်းမှတ်ဉာဏ် 1TB ပါဝင်သည့် Galaxy S10 plus အား တောက်ပြောင်လှပသော ကြွေရောင်ဖြစ်သည့် အမည်းရောင် နှင့် အဖြူရောင်အစရှိသဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး အခြားသော ဖုန်းများအနေဖြင့် 128 GB အရွယ်အစားရှိဖုန်းတွင်းမှတ်ဉာဏ်နှင့်အတူ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် 128 GB Storage ပါဝင်သော Galaxy S10e အား ၁,၁၅၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy S10 အား ၁,၃၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy S10 Plus အား ၁,၅၄၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ 1TB Storage ပါဝင်သော Galaxy S10 Plus အား ၂,၄၉၉,၀၀၀ ကျပ်ဖြင့်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top