ပိုမိုဟန်ချက်ညီသောလူနေမှုဘဝကိုပုံဖော်ပေးမည့် နောက်ဆုံးပေါ် Samsung Tablet များနှင့် wearable အသစ်များကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Galaxy-Fit_Yellow_Climb_2P.jpg

Samsung Myanmar မှ Galaxy Wearables ထုတ်ကုန်သစ်များဖြစ်သော Galaxy Watch Active၊ Galaxy Fit နှင့် Galaxy Fit e နှင့် Tab S5e၊ Tab A 10.1 နှင့် S Pen ပါရှိသော Tab A 8 စသည့် Tablet မော်ဒယ် အသစ်သုံးမျိုးအား ယနေ့မိတ်ဆက်လိုက်ပြီဖြစ်ပြီး ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးအတွေ့အကြုံ၊ အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်မှုနှင့် ဟန်ချက်ညီသည့် လူနေမှုဘဝကို ပိုင်ဆိုင်လိုသူများအတွက် Samsung ၏ Wearable များနှင့် တက်ဘလက်အသစ်များသည် အထူးသင့်တော်သောထုတ်ကုန်များဖြစ်ကြသည်။

ပေါ့ပါးသွက်လက်၍ စတိုင်ကျလှပစေမည့် Galaxy Watch Active

Galaxy Watch Active

စတိုင်ကျလှပမှုကို ဦးစားပေး၍ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်လိုသော သုံးစွဲသူများအတွက် Galaxy Watch Active သည် စမတ်ကျရုံသာမက ဒီဇိုင်းပိုင်းအရလည်းဆန်းသစ်လှပသည်။ Galaxy Watch Active ၏ ပါးလျပေါ့ပါး၍ ဘက်စုံအသုံးပြုနိုင်သော ဒီဇိုင်းအသစ်ကြောင့် ဟန်ချက်ညီသော နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစွာ ရရှိနိုင်မည်ဖြစ်သည်။ နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုသည် အားကစားနှင့် နေ့စဉ်လှုပ်ရှားမှုများကို ခြေရာခံ မှတ်သားခြင်း ထက် ပိုမိုအရေးပါသောကြောင့် Galaxy Watch Active သည် ကျန်းမာရေးဆိုင်ရာ အရေးအကြီးဆုံးအရာအားလုံးကို ဘက်စုံမှ စောင့်ကြည့်မှတ်သားပေးထားမည်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ချိန်၊ အိပ်စက်ချိန်၊ စိတ်ဖိစီးမှု နှင့် ကျန်းမာရေးအခြေအနေများကို မှတ်တမ်းတင်ခြေရာခံသောလုပ်ဆောင်ချက်များကြောင့် Galaxy Watch Active ကို ပိုမိုကျန်းမာသော ခန္ဓာနှင့် စိတ်အတွက် ကိုယ်ပိုင်လူနေမှုဘဝနည်းပြအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

Galaxy Watch Active တွင် စိတ်ဖိစီးမှုကို တိုင်းတာပေးသော စိတ်ဖိစီးမှုခြေရာခံမှတ်သားခြင်း (Stress Tracking) နှင့် လေ့ကျင့်ခန်း လုပ်ဆောင်မှုကို တိုင်းတာပေးသော Fitness Tracker အစရှိသည့် ပိုမိုကောင်းမွန်လာသော ကျန်းမာရေးနှင့် Fitness လုပ်ဆောင်ချက်များပါဝင်လာသည်။ Galaxy Watch Active သည် ISO standard 22810:2010 ရရှိထားသော 5 AMT ရှိ (မီတာ 50 အနက်တွင် ဆယ်မိနစ်အထိ) ရေစိုခံနိုင်စွမ်းရှိသည်။

Galaxy Watch Active ကို Galaxy ဂေဟစနစ်တစ်ခုလုံးနှင့်လည်း လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy Watch Active ကို Android နှင့် iOS နှစ်မျိုးလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး အချိန်မှန် နည်းပြကဲ့သို့ ရှိနေပေးခြင်း၊ အိမ်တွင်း အိမ်ပြင် လှုပ်ရှားမှုတိုင်းကို ခြေရာခံ မှတ်သားပေးခြင်း၊ Spotify နှင့် Strava တို့ကဲ့သို့ လူကြိုက်များသည့် third-party apps များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Bixby ၏ အသံစွမ်းရည်ကို အသုံးပြု၍လည်း Galaxy Watch Active ကို အသံနှင့် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု၊ စာတိုပို့မှုများကို ဖုန်းအသုံးပြုရန်မလိုဘဲ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

လူတိုင်းအတွက် ကျန်းမာသော နေ့ရက်တိုင်းကို ရရှိစေမည့် Galaxy Fit နှင့် Galaxy Fit e

လူတိုင်းအတွက် ကျန်းမာသော နေ့ရက်တိုင်းကို ရရှိစေမည့် Galaxy Fit

ကျန်းမာရေး လိုက်စားသူတိုင်းအတွက် Galaxy Fit နှင့် Galaxy Fit e သည် တက်ကြွသော လူနေမှုပုံစံကို ပိုမိုပုံဖော်ပေးနိုင်မည်ဖြစ်သည်။ ပါးလျပေါ့ပါးသော ကိုယ်ထည်နှင့်ပြုလုပ်ထားသော wearable အသစ်များကို သက်တောင့်သက်သာနှင့် စတိုင်ကျလှပစွာ အချိန်မရွေး ဝတ်ဆင်နိုင်မည်ဖြစ်သည်။ ပေါ့ပါး၍ စတိုင်ကျလှပသော Galaxy Fit နှင့် Galaxy Fit e သည် လွယ်ကူစွာ အလိုအလျောက် ခြေရာခံနိုင်စွမ်းရှိ၍ ပိုမိုကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကို ရရှိစေမည်ဖြစ်သည်။ Galaxy Fit နှင့် Galaxy Fit e သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း၊ Elliptical trainer ကဲ့သို့ စက်များနှင့် ကစားခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းများအား အလိုအလျောက် မှတ်သားထားပေးမည်ဖြစ်သည်။ စမတ်ဖုန်းတွင် ပါရှိသော Samsung Health app နှင့်အတူ ကိုယ်လက်လှုပ်ရှားမှု အမျိုးအစားပေါင်း (၉၀) ကျော်ကို ကိုယ်တိုင်ရွေးချယ်နိုင်ရုံသာမက Galaxy Fit နှင့် Galaxy Fit e မှ ရွေးချယ်ထားသော လှုပ်ရှားမှုများကိုလည်း အလိုအလျောက် ခြေရာခံမှတ်သားနိုင်မည်ဖြစ်သည်။

Galaxy Fit နှင့် Galaxy Fit e တွင် ရိုးရှင်း၍ အလိုအလျောက်သိနိုင်သော UX နှင့် လွယ်ကူစွာ အသုံးပြုနိုင်စေသော အဆင့်မြင့်အသုံးပြုမှုအတွေ့အကြုံများအား ထည့်သွင်းပေးထားသောကြောင့် လှုပ်ရှားသွားလာနေချိန်တွင် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy Fit and Galaxy Fit e နှစ်မျိုးစလုံးတွင် (၅၀) မီတာထိ ရေစိမ်ခံနိုင်စေသော 5ATM3 ရေစိုခံနိုင်စွမ်း ပါဝင်သောကြောင့် နေ့စဉ်အသုံးပြုမှုသာမက ရေချိုးချိန်နှင့် ရေကူးချိန်များအထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy Watch Active အား မြန်မာငွေ ၂၉၉,၀၀၀ ကျပ်ဖြင့် အနက်ရောင်နှင့် နှင်းဆီရွှေရောင် အရောင် နှစ်ရောင်နှင့် ရရှိနိုင်မည်ဖြစ်သည်။ Galaxy Fit ကို ၁၃၀,၀၀၀ ကျပ်ဖြင့် အဖြူနှင့် အနက် အရောင်များနှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy Fit e ကို ၅၅,၀၀၀ ကျပ်ဖြင့် အနက်ရောင်နှင် ငွေရောင်များနှင့် အသီးသီး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သည့် Galaxy Tab S5e

အသစ်မိတ်ဆက်လိုက်သည့် Galaxy Tab S5e

(၁၀.၅) လက်မအရွယ်အစားရှိသော Galaxy Tab S5e တွင် ကြီးမားသော ဘက်ထရီအရွယ်အစားထည့်သွင်းပေးထားသည်။ ပိုမိုပါးလွှာပေါ့ပါးရုံသာမက အဆင့်မြင့် လုပ်ဆောင်ချက်များစွာ ထည့်သွင်းပေးထားခြင်းဖြင့် အစဉ်အမြဲ အချိတ်အဆက်မိနေစေရန် စနစ်တကျ ဖန်တီးထားသည်။

လှပသစ်လွင်သော ဒီဇိုင်းနှင့် Tab S5e သည် အသုံးပြုရလွယ်ကူပြီး စတိုင်ကျလှပသည်။ အလွန်ပါးလွှာသော 5.5mm ရှိ ချောမွေ့ပြောင်လက်သော သတ္တု ကိုယ်ထည် နှင့် 400g ထိသာရှိသော အလေးချိန်ကြောင့် Tab S5e ကို ပေါ့ပါးစွာ ကိုင်ဆောင်အသုံးပြုနိုင်သည်။ (၁၄.၅) နာရီကြာအသုံးခံသော ဘက်ထရီကြောင့် Tab S5e သည် ကြာရှည်အသုံးခံသည့် စွမ်းဆောင်ရည်ကို ကောင်းစွာ ရရှိစေမည်ဖြစ်သည်။ အသစ်ထွက်ရှိလာသော Bixby 2.02 ကို ပထမဆုံး အသုံးပြုထားသည့် Samsung Tablet ဖြစ်သောကြောင့် Tab S5e ကို ဖုန်း စသည့် အခြားပစ္စည်းများနှင့် အဆင်ပြေလွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်သည်။ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကိုလည်း 16:10 မျက်နှာပြင်အချိုးရှိသော Samsung ၏ အထင်ကရအမှတ်အသားဖြစ်သည့် Super AMOLED မျက်နှာပြင်တွင် အပြည့်အဝ ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။

Tab S5e တွင် အလိုအလျောက်လှည့်နိုင်သည့် စတူဒီယိုနည်းပညာပါဝင်သော စပီကာ (၄) လုံးပါဝင်သည့်အတွက် ပိုမိုကောင်းမွန်ကျယ်လောင်သော အသံအရည်အသွေးကို ခံစားနိုင်မည်ဖြစ်သည်။ Tab S5e တွင် Dolby Atmos နည်းပညာနှင့် AKG မှ အသံနည်းပညာများလည်း ပေါင်းစပ်ထည့်သွင်းထားသည်။ Tab S5e ကို မြန်မာနိုင်ငံတွင် အနက်ရောင်၊ ရွှေရောင်အစရှိသဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၇၇၉.၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Tab S5e နှင့်အတူ Samsung Myanmar မှ ဈေးနှုန်းသက်သာသည့် Tablets များဖြစ်သော Tab A 10.1 နှင့် Pen ပါဝင်လာသည့် Tab A 8 တို့ကိုလည်း မိတ်ဆက်လိုက်သည်။ Galaxy Tab A 10.1 ကို ပိုမိုသက်သာသည့် ဈေးနှုန်းဖြစ်သည့် ၄၉၉,၀၀၀ ကျပ်နှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အနက်ရောင်နှင့် ရွှေရောင် အစရှိသဖြင့် ၂ ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါတက်ဘလက်သည် မျက်နှာပြင်အရွယ်အစားအနေဖြင့် 10.1 လက်မရှိပြီး 1920 x 1200 (WUXGA) TFT LCD display နှင့် သတ္တုကိုယ်ထည်တို့နှင့် ပြုလုပ်ထားသည်။ Galaxy Tab A 10.1 တွင် Exynos 7904A ပါဝင်ပြီး 3GB RAM နှင့် မှတ်ဉာဏ်သိုလှောင်မှု 32GB နှင့်ရရှိနိုင်မည်ဖြစ်သည်။ ဘက်ထရီအရွယ်အစားအနေဖြင့် ပိုမိုကြီးမားသော 6,150 mAh အား ထည့်သွင်းထားသည်။ အခြားအဓိက လုပ်ဆောင်ချက်များအနေနှင့် 8MP ရှိ အနောက်ဘက်ကင်မရာ၊ 5MP ရှိ အရှေ့ဘက် ကင်မရာ နှင့် Dolby Atmos ပါဝင်သော စပီကာ နှစ်ခုထည့်သွင်းထားသည်။

Pen ပါဝင်လာသော Galaxy Tab A 8 တွင် 1920×1200 မျက်နှာပြင်အရည်အသွေးနှင့် 8 လက်မရှိ မျက်နှာပြင် ပါဝင်လာသည်။ တရားဝင်စာရင်းများအရ Galaxy Tab A 8 သည် ကျောင်းသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မရှိမဖြစ်လိုအပ်သော စွမ်းဆောင်ရည်များ ထည့်သွင်းထားသည်။အဆိုပါ တက်ဘလက်အား Samsung ၏ Lassen O+ (E7904) 1.8GHz နှင့် ပြုလုပ်ထားပြီး Chipset နှင့်အတူ 3GB RAM နှင့် ဖုန်းတွင်မှတ်ဉာဏ်သိုလှောင်မှု 32GB ထည့်သွင်းထားသည်။ microSD card အသုံးပြု၍လည်း 512GB ထိတိုးမြှင့်နိုင်သည်။ Galaxy Tab A 8 အား မြန်မာနိုင်ငံတွင် ဈေးနှုန်း ၄၃၉,၀၀၀ ကျပ်နှင့် ရောင်းချမည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်နှင့် မီးခိုး ရောင်နှစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါထုတ်ကုန်သစ်များမိတ်ဆက်မှုနှင့်အတူ Tab S5e ဝယ်ယူသုံးစွဲသူများအနေဖြင့် Samsung အမှတ်တံဆိပ်မူရင်းကာဗာ (အရေအတွက် ၄၀၀) နှင့် Tab A 10.1 ဝယ်ယူသုံးစွဲသူများအား Samsung အမှတ်တံဆိပ် မူရင်းကာဗာ (အရေအတွက် ၅၀၀) တို့အား Samsung Myanmar မှ လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။ Samsung Myanmar မှ Mytel နှင့်ပူးပေါင်း၍ သုံးစွဲသူများအား အထူးခံစားခွင့်အနေဖြင့် Tab S5e နှင့် Tab A 10.1 ဝယ်ယူသူများအနေဖြင့် (၆) လဆက်တိုက် ဒေတာခံစားခွင့် 3GB နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် (၃၀၀) အား ခံစားခွင့်ရရှိမည်ဖြစ်သည်။ S pen နှင့်အတူ Tab A8 ဝယ်ယူသများ အနေဖြင့် ဒေတာခံစားခွင့် 2GB နှင့်အတူ Mytel ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် (၂၀၀) အား (၆) လဆက်တိုက်ရရှိမည်ဖြစ်သည်။

ထို့အပြင် တက်ဘလက်ဝယ်ယူသုံးစွဲသူများအနေဖြင့် ဖုန်းရှေ့မျက်နှာပြင်ပျက်စီးမှုအား ၄၀% အခကြေးငွေမယူဘဲ ပြန်လည်ပြုပြင်ပေးမည့် No Worrry Crack ဝန်ဆောင်မှုအား စတင်ဝယ်ယူသည့်နေ့မှစတင်၍ (၃) လအတွင်း (၂၀၁၉ ခုနှစ်ကုန်အထိ) ခံစားခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Customer ဝန်ဆောင်မှုစင်တာများတွင်သာ ရရှိနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top