တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲရဲ့ Promotional Ambassador အဖြစ် ခန့်အပ်ခံရတဲ့ ဂျန်ဂေါင်ဆပ်

jun.jpg

တောင်ကိုရီးယားနိုင်ငံ ဂန်းဝန်ပြည်နယ်၊ ဖြောင်ချန်း မြို့မှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲ နဲ့ ၂၀၁၈ ပါရာလံပစ် ပြိုင်ပွဲ အတွက် သရုပ်ဆောင် ဂျန်ဂေါင်ဆပ်ကို Promotional Ambassador (ပုံရိပ်မြှင့်တင်ရေး သံတမန်) အဖြစ် ဂန်းဝန်ပြည်နယ်အစိုးရက ဒီဇင်ဘာ ၆ ရက်နေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။

“အခုလို အိုလံပစ်ပွဲတော်တွေ ကျင်းပလာခဲ့တာ နှစ် ၃၀ ကြာပြီးတဲ့နောက် ၂၀၁၈ အတွက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ဖျောင်ချန်း အိုလံပစ်ပြိုင်ပွဲနဲ့ ပါရာလံပစ် ပြိုင်ပွဲတွေမှာ ဂျန်ဂေါင်ဆပ် အနေနဲ့ လူတွေ စိတ်ဝင်စားမှုမြှင့်တက်လာအောင် ကူညီပေးရမှာ ဖြစ်တဲ့အတွက် အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင် ကူညီပေးဖို့ သူ့အနေနဲ့ အရမ်းကို စိတ်အားထက်သန်နေတယ်လို့” ဂျန်ဂေါင်ဆပ် ရဲ့ အေဂျင်စီက ဆိုပါတယ်။ ဂန်းဝန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း အခုလို လှုပ်ရှားမှုတွေမှာ ဂျန်ဂေါင်ဆပ်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ဆိုခဲ့ပါတယ်။

၂၀၁၈ ဖြောင်ချန်း ပါရာလံပစ်ပြိုင်ပွဲ အောင်မြင်မှုအတွက် ကူညီ အားပေး တဲ့ အနေနဲ့ ဂျန်ဂေါင်ဆပ်က လက်မှတ် စောင်ရေ ၂၀၁၈ စောင်ဝယ်ယူပြီး သူ့ရဲ့ ပရိတ်သတ်ပေါင်း ၂၀၁၈ ယောက်ကို ဖိတ်ခေါ်ပြီး ပါရာလံပစ်အားကစားပြိုင်ပွဲကို တက်ရောက်စေမယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ၂၀၁၈ အစောပိုင်းမှာ ပြုလုပ်မယ့် သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ “The Crishow 4” ခရီးစဉ် ကိုလည်း ဂျပန်နိုင်ငံ အိုဆာကာမြို့နဲ့ တိုကျိုမြို့တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဲ့ဒီ ဖျော်ဖြေပွဲတွေမှာလည်း ၂၀၁၈ အိုလံပစ်ပြိုင်ပွဲနဲ့ ပါရာလံပစ်ပြိုင်ပွဲတွေအတွက် ပုံရိပ်မြှင့်တင်တဲ့ အစီအစဉ်တွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Zym (ရိုးရာလေး)
Ref: Soompi: Jang Geun Suk Chosen As Promotional Ambassador For 2018 Pyeongchang Olympics

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top