ဇွန် ၂၆ ရက်နေ့ ရုံတင်ပြသမယ့် Welcome To The Jungle ရဲ့ ဇာတ်ဝင်သီချင်း Ghis Ghis Ghis မှာ အက်ရှေးကူးမားဟာ အပြည့်အဝ ပျော်ရွှင်ဖွယ်ကောင်းစွာနဲ့ ပါဝင်ရိုက်ကူးထားတာတွေ့ရပါတယ်။ တကယ်တော့ အဲ့ဒီသီချင်းရိုက်နေစဉ်မှာ အဖျားကြီးနေခဲ့တာပါ။ အဖျား ၁၀၃-၁၀၄ ဒီဂရီတောင် ရှိနေခဲ့တာပါ။ ဒါကို သူနဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအက်ရှရာ ဆင်းက ထုတ်ပြောလာခဲ့ပါတယ်။
အက်ရှရာက အက်ရှေးရဲ့ကြိုးစားအားထုတ်မှုအပေါ် အထင်ကြီးသွားခဲ့ပါတယ်။ အဖျား ၁၀၃-၁၀၄ ဒီဂရီရှိနေခဲ့တာတောင် ရိုက်ကူးနေတာကို မြင်ပြီး သူ့ရဲ့အလုပ်အပေါ် ဘယ်လောက်ချစ်လဲဆိုတာကို မြင်တွေ့ခဲ့ရတယ်။ အက်ရှေးက အလုပ်အပေါ် တာဝန်ယူမှုအပြည့်အဝနဲ့ စိတ်နှစ်ပြီးလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အဲ့ဒီသီချင်းမရိုက်ခင် အက်ရှေးနဲ့ အတူပါဝင်ရမယ်ဆိုတာ သိလိုက်ရတဲ့အခါ သူ့ရဲ့အိပ်မက် တကယ်ဖြစ်လာခဲ့တဲ့ အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါရိုက်တာ အာမတ် ခန်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင် အက်ရှေးကူးမားအပါအဝင် သရုပ်ဆောင်မင်းသားမင်းသမီး အယောက် ၃၀ ကျော်ပါဝင်ထားတာဖြစ်ပါတယ်။
Ref: Akshay Kumar Shot Welcome To The Jungle Song Ghis Ghis Ghis With 104 Degree Fever, Reveals Co-Star
WL (ရိုးရာလေး)

