ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အားလုံးမှာဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာတဲ့ စီရော်နယ်ဒို

nintchdbpict000371435521.jpg

ရီးရဲမက်ဒရစ် တိုက်စစ်မှုး စီရော်နယ်ဒိုသည် ဒီဇင်ဘာ ၆ ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဒေါ့မွန် အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခြင်းကြောင့် ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲ ပွဲစဉ် ၆ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့ကြောင်းသိရသည်။

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် နောက်ခံလူ ကိုဗာဆစ် (Mateo Kovacic) ပေးပို့သည့် ဘောလုံးမှတဆင့် ဒေါ့မွန်အသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပီအက်ဂျီတိုက်စစ်မှုးနေမာ သည် ချန်ပီယံလိဂ်အုပ်စုပွဲ ၅ ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ပြီး စံချိန်တင်နိုင်မယ့် အခွင့်အရေးရခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ခြင်းကြောင့် အုပ်စုအတွင်းပွဲစဉ် အားလုံးကို ဂိုးသွင်းနိုင်သည့်စံချိန် နှင့်လွဲချော်ခဲ့ရသည်။

အသက် ၃၂ နှစ်အ ရွယ်ရှိ စီရော်နယ်ဒိုသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲပေါင်း ၁၄၆ ပွဲ ကစားထားပြီး ဂိုးပေါင်း ၁၁၄ ဂိုးသွင်းယူထားသည့်စံချိန်ကို ရရှိထားပြီးဖြစ်သည်။ စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်သော်လည်း ပြည်တွင်းလာလီဂါ ပြိုင်ပွဲတွင် ဂိုးသွင်းယူပိုင်းအားနည်းနေပြီး ယခုနှစ်လာလီဂါပွဲစဉ် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူနိုင်သေးကြောင်းသိရသည်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : ESPN : Cristiano Ronaldo becomes first to score in all six UCL group games

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top