တတ်တူးအပြည့်ထိုးထားတဲ့ အလန်းစား ဆရာဝန်မလေးနဲ့ တွေ့ဆုံခြင်း

yyl-032-9.jpg

အသက် (၃၁) နှစ်အရွယ် ကမ္ဘာ့တတ်တူးအများဆုံးဆရာဝန်မလေး ဆာရက် ဂရေး (Sarah Gray) ဟာ အပြင်ပန်းကြည့်ပြီး ဝေဖန်၊ အထင်သေးလို့မရဘူး ဆိုတဲ့အချက်ကို သက်သေပြလိုက်ပါပြီ။ တစ်ခါတရံ သူ့ရဲ့တတ်တူးအပြည့်နဲ့ အသွင်အပြင်က လူနာတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ အကူအညီတောင် ဖြစ်ပါသေးတယ်တဲ့။ သူ့ရဲ့ခန္ဓာကိုယ်တတ်တူးတွေ၊ ဆေးပညာတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။ အဲဒီအလန်းစားဆရာဝန်မလေးနဲ့ စာဖတ်ပရိသတ်တွေ တွေ့ဆုံကြည့်လိုက်ကြရအောင်..။

ဒေါက်တာဆာရက်က Royal Adelaide Hospital မှာ အလုပ်သင်အဖြစ်နဲ့ အလုပ်လုပ်ရင်းနဲ့ သူကိုယ့်ကိုယ်ကို ရောင်စုံတောက်ပတဲ့ ဆရာဝန်လို့ သတ်မှတ်ထားပါတယ်။ သူက အရိုးအကြောခွဲစိပ်ဆရာဝန် တစ်ယောက်ဖြစ်လာတော့မှာပါ။ အရင်က ဆာရက်က ကာဗာမော်ဒယ်အနေနဲ့ နှစ်တော်တော်ကြာနာမည်ကြီးလာခဲ့ပြီး အခုဆိုရင် လူမှုကွန်ယက်မှာ follower ထောင်ပေါင်းများစွာရှိနေပါပြီ။

ဆာရက် မော်ဒယ်အဖြစ် လုပ်ကိုင်နေစဉ်က University of Adelaide မှာ ဆေးကျောင်းတက်နေတုန်းပါပဲ။ သူက ပြီးခဲ့တဲ့နှစ်ကမှ ဘွဲ့ရရှိခဲ့တာပါ။ သူ့ရဲ့ဖခင်က ဆရာဝန်ဖြစ်ပြီး သူ့အတွက် စံထားစရာပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ငယ်ငယ်လေးကတည်းက ဆေးပညာကို စိတ်ဝင်စားလာခဲ့ပါတယ်။

ဆာရက်က အသက် (၁၆) နှစ်မှာ ပထမဆုံး တတ်တူးစထိုးခဲ့ပြီး အခုဆိုရင် မျက်နှာကလွဲပြီး ခေါင်းကနေခြေဖျားအထိ တတ်တူးအပြည့်ပါပဲ။ အဲဒီလောက် တတ်တူးအများကြီး ရှိခဲ့မယ်လို့ သူမထင်ခဲ့ဘူးလို့ ဆိုပါတယ်။ အစက တတ်တူးဆိုတာ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမှာ ရှိခဲ့တဲ့ မင်အပိုင်းအစတစ်ခုပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့တတ်တူးကနေတဆင့် အနုပညာဖန်တီးမှုကို သူမကိုယ်တိုင်ဖော်ပြချင်ခဲ့ပါတယ်။

အခုလိုတတ်တူးထိုးထားတော့ သူ့ရဲ့အလုပ်ကို မထိခိုက်ဘူးလားဆိုရင် တစ်ခါတရံ ဒါက ကောင်းတဲ့အရာတောင် ဖြစ်သွားပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေ အတွက်ပါပဲလို့ ဆာရက်ကပြောပါတယ်။ ဆေးပညာနယ်ပယ်က စည်းမျဉ်းကတော့ စော်ကားသရော်တဲ့ တတ်တူးတွေကို ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ ဆာရက်မှာ အဲဒီလိုသဘောဆောင်တဲ့ တတ်တူးတစ်ခုမှာမရှိပါဘူး။ ဆေးရုံတစ်ခုနဲ့တစ်ခုက စည်းမျဉ်းတွေ ကွာခြားမှုတော့ရှိပါလိမ့်မယ်။ ဆာရက်က တတ်တူးထိုးထားပေမဲ့လည်း Public ဆေးရုံမှာ အလုပ်လုပ်တဲ့အခါမှာ အနှောက်အယှက်မဖြစ်ဘူးလို့ သိရပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးအနေနဲ့ကလည်း ခွဲခြားဆက်ဆံသလို မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။ ဆေးပညာမှာ အရေးကြီးဆုံးအရာက ကျွမ်းကျင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ပါပဲ။ ဒါ့အပြင် နောက်နှစ်မှာ လုပ်ရတော့မဲ့ ခွဲစိပ်ဆရာဝန်အဖြစ်လည်း စီနီယာတွေက ထောက်ခံပေးခဲ့ကြပြီး သူတို့က သူ့အသွင်အပြင်ကြောင့် သူ့ရဲ့အရည်အချင်းကို အထိခိုက်မခံစေခဲ့ပါဘူး။

ဆာရက်က တစ်ခါမှ အနိုင်ကျင့်တာကိုမခံခဲ့ရပေမဲ့ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ သူနဲ့ သူ့ခင်ပွန်းတို့က ညစာစားဖို့သွားတဲ့အခါမှာ တတ်တူးမရှိရစည်းမျဉ်းကြောင့် အဆောက်အဦးထဲကနေ ထွက်သွားခဲ့ရဖူးပါတယ်။

လက်ရှိယနေ့ခေတ်ကမ္ဘာမှာ အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီး လူတွေကို ဝေဖန်အကဲဖြတ်နေကြတုန်းပဲဆိုတာကို အံ့အားသင့်စရာတွေ့ရှိခဲ့ရပါတယ်။
ဆာရက်က သြစတြေးလျ တတ်တူးအသိုက်အဝိုင်းမှာ စိတ်ဝင်စားအခံရဆုံးမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်ပြီး တတ်တူးထိုးချင်တဲ့ လူငယ်တွေကို လွှမ်းမိုးထားတဲ့ သူလည်းဖြစ်နေပါတယ်။

Ref: Meet a Doctor With Tattoos Who’s Gonna Tear Down All the Double Standards That Exist in Our Heads

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top