ဖရုံစေ့စားပေးမယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ

yyl-025-9.jpg

ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။ သွားရည်စာစားရင်ပဲဖြစ်ဖြစ် အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေပြည့်ဝတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ ဖရုံစေ့ကလည်း သွားရည်စာအနေနဲ့ စားလို့ရသလို အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ မဂ္ဂနီစီယမ်၊ ကော်ပါဓာတ်၊ ပရိုတင်းဓာတ်၊ ဇင့်စ်ဓာတ်တွေ ကြွယ်ဝတဲ့ဖရုံစေ့ကို နေ့စဉ်စားပေးသင့်တဲ့ အကြောင်းအရင်းတွေရှိပါတယ်။ အဲဒီအကြောင်းအရင်းတွေကတော့

အရိုးအတွက် ကောင်းမွန်တယ်

ဖရုံစေ့တွေက အရိုးအဆစ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓာတ်ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ပါဝင်မှုများတဲ့အတွက် အရိုးသိမ်သည်းမှုကို တိုးလာစေပြီး အရိုးပွရောဂါဖြစ်ခြင်းကို လျော့ချပေးပါတယ်။

သွေးအတွင်းသကြားပမာဏကို လျော့ချပေးတယ်

ဒီအစေ့သေးသေးလေးတွေက သွေးအတွင်းသကြားပမာဏကို ထိန်းညှိနေတဲ့လူတွေအတွက် ကောင်းမွန်ပါတယ်။ နေ့စဉ် ဖရုံစေ့ကို စားပေးခြင်းက သွေးအတွင်းသကြာပမာဏကို လျော့ချပေးနိုင်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကြွက်နဲ့စမ်းသပ်ပြီး လေ့လာချက်တွေလည်းရှိတယ်လို့ ဆိုပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

ဖရုံစေ့က အန်တီအောက်စီဒန့်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဇင့်စ်ဓာတ်၊ fatty acidတွေကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ မကောင်းတဲ့ကိုလက်စထရော ပမာဏကို လျော့ချတဲ့၊ ကောင်းတဲ့ကိုလက်စထရောပမာဏကို တိုးလာစေတဲ့ fatty acidတွေလည်း ပါဝင်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ကူညီပေးတယ်

ဖရုံစေ့က ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အမျှင်ဓာတ်မြင့်မားပြီး သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်အင်နေစေမှာပါ။ အဲဒါအပြင် ဖရုံစေ့က အစာခြေစနစ်အားကောင်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

အိပ်စက်ခြင်းကို ကောင်းစေတယ်

ညဘက်တွေ အိပ်ရတာခက်ခဲနေတဲ့သူတွေအတွက် ဖရုံစေ့က ကူညီပေးပါလိမ့်မယ်။ ဖရုံစေ့မှာ သဘာဝအလျောက်ပါဝင်တဲ့ tryptophan လို့ခေါ်တဲ့ အက်မီနိုအက်ဆစ်က ကောင်းကောင်းအိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဖရုံစေ့မှာတွေ့ရတဲ့ မဂ္ဂနီစီယမ်ဓာတ်ကလည်း အိပ်မပျော်တဲ့ရောဂါကို ဖြေရှင်းတဲ့နေရာမှာ ကူညီပေးပါတယ်။

ဆံပင်သန်စေတယ်

ဖရုံစေ့မှာ ဆံပင်ကို သန်စေတဲ့ အက်မီနိုအက်ဆစ်အမျိုးအစား cucurbitin ပါဝင်ပါတယ်။ ဖရုံစေ့မှာတွေ့ရတဲ့ အခြားအာဟာရဓာတ်တွေကလည်း ဆံသားကောင်းမွန်စေသလို ဆံသားသန်စွမ်းလာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဖရုံစေ့ဆီကလည်း သင့်ဆံကေသားအတွက် ကောင်းမွန်ပါတယ်။

ဖရုံစေ့ကို နည်းလမ်းမျိုးစုံနဲ့ စားပေးလို့ရပါတယ်။ ဖရုံစေ့ကို အစိမ်းလိုက်ဖြစ်ဖြစ်၊ လှော်ပြီးပဲဖြစ်ဖြစ်စားလို့ရသလို ညနေခင်းပိုင်း သွားရည်စာအဖြစ်လည်း စားလို့ရပါတယ်။ ဖရုံစေ့တွေကို ဆန်ပြုတ်ထဲ ထည့်ပြီး သောက်လို့လည်းရပါတယ်။

Ref: Health benefits of having pumpkin seeds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top