အသားရေအမျိုးအစားအလိုက် မျက်နှာသစ်ဆေး ရွေးချယ်နည်း

yyl-042-2.jpg

လက်ရှိ မိမိအသုံးပြုနေတဲ့ မျက်နှာသစ်ဆေးက သင့်အသားရေနဲ့ အဆင်ပြေမှုရှိရဲ့လား။ အလှအပေရေးရာကျွမ်းကျင်ပညာရှင်တွေကတော့ သင် အသုံးပြုလိုက်တဲ့ မျက်နှာသစ်ဆေးအမျိုးအစားက သင့်အသားရေနဲ့ကိုက်ညီမှုရှိရမယ်လို့ ဆိုထားပါတယ်။ မျက်နှာသစ်ဆေးမဝယ်ခင်မှာ မိမိအသားရေနဲ့ကိုက်မကိုက် အရင်လေ့လာပြီးမှ ဝယ်သင့်ပါတယ်။

အဆီပြန်တဲ့အသားရေအတွက် ထုတ်ထားတဲ့မျက်နှာသစ်ဆေးက အသားရေခြောက်တဲ့သူတွေအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်အတွက် အဆင်ပြေတဲ့ မျက်နှာသစ်ဆေးဖြစ်နိုင်ပေမဲ့ အခြားတစ်ယောက်အတွက်တော့ ကောင်းချင်မှကောင်းနိုင်မှာပါ။ ဒါကြောင့် အလှအပဆရာဝန်တစ်ယောက်က မိမိအသားရေနဲ့ ကိုက်တဲ့မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြပေးထားပါတယ်။ မိမိအသားရေအတွက် ဘယ်လိုမျိုးမျက်နှာသစ်ဆေးက အဆင်ပြေမလဲဆိုတာ ကြည့်လိုက်ကြရအောင်…။

အဆီပြန်တဲ့မျက်နှာအတွက်

သင့်မျက်နှာက ဝက်ခြံရှိပြီး အဆီပြန်တယ်ဆိုရင် အဆီမပါတဲ့မျက်နှာသစ်ဆေးကို ရှာဝယ်ပါ။ တချို့မျက်နှာသစ်တွေက ဆလီဆလစ်အက်ဆစ် (Salicylic acid) ကဲ့သို့ ဝက်ခြံတိုက်ဖျက်တဲ့ဓာတ်ပါဝင်တာလည်းရှိပါတယ်။

ခြောက်သွေ့တဲ့အသားရေအတွက်

သင်က အသားရေခြောက်တယ်ဆိုရင် ရှားစောင်းလက်ပက်၊ အလှဆီနဲ့ ဗီတာမင်အီကဲ့သို့ အသားရေစိုပြေစေတဲ့ ဓာတ်တွေပါဝင်တဲ့ မျက်နှာသစ်ဆေးကို သုံးသင့်ပါတယ်။

အထိခိုက်မခံတဲ့အသားရေအတွက်

အထိခိုက်မခံတဲ့အသားရေရှိတဲ့သူတွေက အယ်လ်ကိုဟောမပါဝင်တဲ့၊ ရနံ့မပါဝင်တဲ့မျက်နှာသစ်ဆေးကို သုံးပေးသင့်ပါတယ်။ အဲဒီမျက်နှာသစ်ဆေးက အသားရေကို ယားယံတာ၊ နီးမြန်းတာတွေ နည်းပါးစေပါတယ်။

သင့်အသားရေအမျိုးအစားနဲ့ပတ်သက်ပြီး မျက်နှာသစ်ဆေးသုံးပြီးတဲ့နောက်မှာ သင့်အသားရေက ကပ်စေးစေးမဖြစ်သင့်ပါဘူး။ မျက်နှာသစ်တဲ့အခါ မျက်နှာကိုအရမ်းကြီးမပွတ်ပါနဲ့။ အဖုအပိမ့်တွေထလာပြီး ဆံခြည်မျှင်သွေးကြောတွေကိုတောင် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Ref: Choosing the right face wash according to skin type
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top