သိထားသင့်တဲ့ ဆီးကျောက်တည်ခြင်းရဲ့ အဖြစ်များတဲ့လက္ခဏာရပ်များ

yyl-043-4.jpg

သင့်အနီးနားက တစ်ယောက်ယောက် ဆီးကျောက်တည်တဲ့ရောဂါကို ခံစားခဲ့ဖူးတယ်ဆိုရင် ဒီရောဂါအခြေအနေက ဘယ်လောက်နာကျင်ရတယ်ဆိုတာကို သင်သိမယ်ထင်ပါတယ်။ ဆီးကျောက်တည်ခြင်းကို ခံစားရတဲ့သူတွေက နာကျင်မှုကို မချိမဆန့်ခံစားရတယ်လို့ ဆိုပါတယ်။ ဆီးကျောက်တည်တာက ကျောက်ကပ်မှာကော၊ ဆီးအိတ်မှာကော ကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းရဲ့သိသာတဲ့အချက်က ဝမ်းဗိုက်အောက် ပြင်းပြင်းထန်ထန်နာကျင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားကျန်းမာရေးအခြေအနေနဲ့ ရောထွေးဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ကျောက်ကပ်အတွင်းကျောက်တည်ခြင်းရဲ့ အဖြစ်များတဲ့လက္ခဏာရပ်တွေကို စာဖတ်ပရိသတ်တွေ သိထားရအောင် ဖော်ပြပေးလိုက်ရပါတယ်။

နောက်ကျော၊ ဗိုက်၊ ခါးဘေးဘက်တွေ အရမ်းနာကျင်ခြင်း

ကျဉ်းမြောင်းတဲ့သားအိမ်အတွင်း ဆီးကျောက်တွေက ရွေ့လျားသွားတာကြောင့် ကျောက်ကပ်မှာ ဖိအားဖြစ်သွားအခါ နာကျင်မှုကို စပြီးခံစားရပါတယ်။ ကျောက်ကပ်က ဖိအားပမာဏက ဦးနှောက်မှာ နာကျင်မှုကို သွားပြီးအချက်ပြပါတယ်။ လူတစ်ယောက်က နောက်ကျော၊ နံရိုးအောက်၊ ဘေးဘက်တွေမှာ နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ကျောက်တည်တာကြီးလာရင် ဖြစ်တဲ့နေရာမှာ ရောင်ရမ်းတာတွေတောင် ဖြစ်လာနိုင်ပါတယ်။

ဆီးသွားရင် နာကျင်ခြင်း

ဆီးသွားတိုင်း နာကျင်မှုကို ခံစားရရင်တော့ ကျောက်ကပ်အတွင်း ကျောက်တည်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားစဉ် နာကျင်တာက ဆီးကျောက်တွေက ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ကြား အဆက်နဲ့ရောက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ်နာကျင်တာကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ မှားတတ်ကြပါတယ်။

ဆီးအရောင်က အနီ၊ ပန်းရောင်၊ အညိုရောင်ဖြစ်ခြင်း

ဆီးမှာ သွေးပါတာက ကျောက်တည်ခြင်းရဲ့အခြားလက္ခဏာရပ်ဖြစ်ပါတယ်။ ဆီးသွားတဲ့အခါ ဆီးအရောင်က အနီ၊ ပန်းရောင်၊ အညိုရောင်၊ သွေးစတွေ တွေ့ရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

ဆီးခဏခဏသွားခြင်း

ကျောက်တည်တာကြီးလာရင် ဆီးလမ်းကြောင်းမှာ ကျပ်နေပြီး ဆီးသွားနှုန်းကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ပုံမှန်ထက်ပိုပြီး ဆီးခဏခဏသွားရတာဖြစ်ပါတယ်။

မူးဝေအော့အန်ခြင်း

ဆီးကျောက်တည်တာကို ခံစားရတဲ့သူတွေက ဝမ်းဗိုက်မှာ ပြင်းပြင်းထန်ထန်နာကျင်သလိုပဲ မူးဝေအော့အန်တာတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ကျောက်ကပ်ရဲ့nerveကြောနဲ့ အစာလမ်းကြောင်း အချင်းချင်းချိတ်ဆက်သွားတာကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

Ref: 5 common signs and symptoms of kidney stones you should know

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top