အိပ်ယာမဝင်ခင် မလုပ်သင့်တဲ့ ၇ ချက်

sleepsleep.jpg

တစ်ခါတစ်ရံမှာ ညဘက် အိပ်မပျော်တဲ့ ညတွေ ရှိတတ်ပါတယ်။ စိတ်က ဟိုတွေး ဒီတွေးနဲ့ တစ်ခါတစ်လေဆိုရင် မိုးလင်းလုနီးပါး ရောက်သွားတတ်တယ်။

အဲလို ဖြစ်ပြီဆိုရင် မနက်မှာ မလန်းဆန်းတော့တာဟာ အသေအချာပါ။

၁) လေ့ကျင့်ခန်း မလုပ်နဲ့

လေ့ကျင့်ခန်းကို အိပ်ယာဝင်ခါနီးမှ မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းဟာ နည်းနည်းလေး လုပ်လိုက်တာနဲ့ နှလုံးခုန်နှုန်း မြန်လာပြီး အိပ်ချင်တဲ့ စိတ်ကိုလည်း ပြေပျောက်လာစေသည့် အတွက်ကြောင့် ညဘက် အိပ်မပျော်အောင် ဖြစ်စေတဲ့ အချက်များထဲမှာ တစ်ခုဖြစ်လို့ ရှောင်ပါ။

၂) အီလက်ထရောနစ် ပစ္စည်းများကို မသုံးပါနဲ့

အိပ်ခါနီးမှ တီဗီ၊ ကွန်ပျူတာ၊ ဖုန်း စတဲ့ အီလက်ထရောနစ် ပစ္စည်းများကို မသုံးသင့်ပါ။ ထိုအရာတွေအားလုံးဟာ အိပ်မပျော်အောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီးပြီဆိုရင် အားလုံးကို ပိတ်လိုက်ပါ။

၃) ရေမချိုးနဲ့

တစ်ချို့က ရေချိုးလိုက်မှ ပိုအိပ်ကောင်းတယ်လို့ ထင်ကြတယ်။ သို့သော် အိပ်ခါနီး အချိန်နဲ့ ကွာဝေးနေတယ်ဆိုရင် ကောင်းပါတယ်။ အဲလိုမဟုတ်ဘဲ အိပ်ခါနီးနေပြီ ဆိုရင် ရေမချိုးပါနဲ့တော့။

၄) ကော်ဖီတို့ အရက်တို့ကို မသောက်နဲ့

အိပ်ခါနီးပြီ ဆိုတာနဲ့ ကော်ဖီနှင့် အရက်များကို မသောက်သင့်ပါ။ အကယ်၍ သောက်ဖြစ်တယ်ဆိုရင်လည်း အလွန်အကျွံ မသောက်ဖို့ တားမြစ်ထားပါတယ်။

၅) အလုပ်မလုပ်နဲ့တော့

အိပ်ဖို့ အချိန်ရောက်နေတာတောင် မအိပ်ဘဲ အလုပ်ပဲ ဖြစ်ဖြစ် ကျောင်းစာပဲ ဖြစ်ဖြစ် လုပ်ကြပါတယ်။ သို့သော် အရမ်းအိပ်ချင် နေပြီဆိုရင် အနားယူလိုက်ပါ။ မနက်ကို စောစောထ
လုပ်တာပိုပြီး ထိရောက်ပါတယ်။

၆) စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်များကို မဖတ်နဲ့

အိပ်ခါနီးပြီ ဆိုရင် အရမ်းစိတ်ဝင်စားဖွယ် ကောင်းတဲ့ စာအုပ်တွေကို ဖတ်မိပြီဆိုရင် အဲဒီအကြောင်း တွေးတောရင်းနဲ့ အိပ်ပျော်ဖို့ အလွန် ခက်ခဲပါတယ်။ အိပ်ပျော်သွားပြီဆိုရင်လည်း အိပ်မက် မက်ပြီး
လန့်နိုးတာတွေ ဖြစ်တတ်လို့ ရှောင်ပါ။

၇) စကားမများနဲ့၊ ရန်မဖြစ်နဲ့

အထူးသဖြင့်ကတော့ အိမ်ထောင်သည်တွေပါ။ အိပ်ခါနီးလို့ တစ်စုံတစ်ခုကြောင့် စကားများ ရန်ဖြစ်လိုက်ပြီဆိုရင် အဲဒီအကြောင်းအရာကို တွေးတောနေရင်းပဲ အိပ်ပျော်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် စကားများ၊ ရန်ဖြစ်ခြင်းကို ရှောင်ပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top