ချစ်သူကို လက်ဆွဲအိတ်ထဲထည့်၊ ဇစ်ပိတ်ပြီး သော့ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးကို ဖမ်းဆီး

intl01.jpg

သူ့ချစ်သူကို လက်ဆွဲအိတ်ထဲ ထည့်၊ ဇစ်ပိတ်ပြီး မသေမချင်း သော့ခတ်ထားခဲ့တယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ဖလော်ရီဒါပြည်နယ် အာဏာပိုင် တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အသက် ၄၂ နှစ်ရှိတဲ့ ဂျော့တောရက်စ်ဂျူနီယာ သေဆုံးမှုနဲ့ပတ်သက်ပြီး အောရိန့်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံး အရာရှိတွေက ဆာရာဘိုနီကို ဒုတိယအဆင့် လူသတ်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။ အသက် ၄၂ နှစ်ရှိတဲ့ ဆာရာဘိုနီဟာ ပြီးခဲ့တဲ့တနင်္လာနေ့ မွန်းလွဲပိုင်းက အရေးပေါ် အဖွဲ့ထံ ဖုန်းဆက်ပြီး သူ့ချစ်သူ သေသွားတယ်လို့ အရေးပေါ်အဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။

အရင်နေ့ညမှာ သူတို့နှစ်ယောက် အရက်သောက်နေတုန်း တူတူပုန်းတမ်း ကစားတဲ့အခါ ဂျော့တောရက်စ်သာ လက်ဆွဲအိတ်ထဲ ဝင်ပုန်းနေရင် တော်တော် ရယ်ရမှာပဲဆိုတာ ပြောဖြစ်ခဲ့ကြတယ်လို့ ဆာရာဘိုနီက စုံစမ်းစစ်ဆေးသူတွေက ပြောခဲ့ပါတယ်။ သူက ဂျော့တောရက်စ် ဝင်ပုန်းနေတဲ့ လက်ဆွဲအိတ်ကို အပြင်ကနေ ဇစ်ပိတ်ထားပြီး အပေါ်ထပ်မှာ တက်အိပ်နေမိတယ်၊ နောက်တစ်နေ့ နံနက်မိုးလင်းလို့ ကြည့်လိုက်တော့ ဂျော့တောရက်စ်က လက်ဆွဲအိတ်ထဲပဲ ရှိနေပြီး မလှုပ်မယက်ဖြစ်နေတာ တွေ့ရတယ်လို့ ဆာရာဘိုနီက ဆိုပါတယ်။ ဆာရာဘိုနီရဲ့ ထွက်ဆိုချက်ဟာ သူ့ရဲ့ဖုန်းထဲမှာ တွေ့ရတဲ့ သက်သေ အထောက် အထား နဲ့ မကိုက်ညီဘူးလို့ တရားဥပဒေစိုးမိုးရေးရုံးက ပြောပါတယ်။ ဖုန်းထဲက ဗီဒီယိုမှာ အပြာရောင်လက်ဆွဲအိတ်က မှောက်လျက်သားဖြစ်နေပြီး ဂျော့တောရက်စ်က အိတ်ထဲကနေ ထွက်ဖို့ ရုန်းကန်နေတာ တွေ့ရပါတယ်။ ပြီးတော့ ဂျော့တောရက်စ်က အကူအညီအော်ဟစ်တောင်းခံပြီး သူ အသက်ရှူ ကြပ်နေပြီလို့ အော်ဟစ်ခဲ့တယ်လို့ အရာရှိတွေက အမှုတွဲဖိုင်မှာ ရေးသားခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ ဆာရာဘိုနီက ရယ်နေပြီး “နင် ငါ့ကိုလိမ်ရင် ငါလည်း အဲဒီလိုခံစားရတယ်’’လို့ အော်ဟစ်ခဲ့ကြောင်း ရေးသားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top