အိမ်ခြေရာမဲ့ လူတွေရဲ့တိရစ္ဆာန်လေးတွေကို လိုက်လံကူညီပေးနေသူ

yyl-021-15.jpg

နိုင်ငံတော်တော်များများမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကြောင့် အိမ်ခြေရာမဲ့ဖြစ်ကာ လမ်းပေါ်မှာ နေထိုင်နေကြရတဲ့လူတွေ များလာပါတယ်။ US မှာဆိုရင် လူသန်းပေါင်းတစ်ဝက်ကို အိမ်ရာမဲ့အဖြစ် တရားဝင်ရေတွက်သတ်မှတ်ထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ကလည်း အခက်အခဲဆုံးပါပဲ။ ပြီးခဲ့တဲ့နှစ်က အိမ်ခြေရာမဲ့အရေအတွက်ဟာ လူ (၁၅၁,၂၇၈) ကျော်မြင့်တတ်လာခဲ့ပါတယ်။ လမ်းမပေါ်မှာ အကူအညီမဲ့နေတဲ့ အိမ်ခြေရာမဲ့လူတွေကို လိုက်ပြီးကူညီပေးနေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ အဲဒီလိုလူတွေထဲမှာ စတီဝက်တ် ကာဝါနီလည်း အပါအဝင်ပါပဲ။

တိရစ္ဆာန်ဆရာဝန်ဖြစ်တဲ့ စတီဝက်ဟာ ၂၀၁၁ခုနှစ်ကတည်းက အိမ်ခြေရာမဲ့ ကယ်လီဖိုးနီးယား လူမျိုးတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ကူညီဖို့အစီအစဉ်ဆွဲခဲ့တာပါ။ ၂၀၀၇ခုနှစ်က US မှာ စီးပွားရေးအခြေအနေ ဆိုးရွားခဲ့ပြီးတဲ့နောက်မှာ စတီဝက်က လိုအပ်နေတဲ့သူတွေကို ကူညီပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက အိမ်ခြေရာမဲ့လူတွေကို သူ့ရဲ့ပိုက်ဆံနဲ့ လိုအပ်တဲ့ အစားအစာတွေနဲ့ ဆေးဖိုးပေးနေတာပါ။

ဒေါက်တာစတီဝက်က အပြင်သွားတဲ့အခါတိုင်း ဆေးအိတ်ကို အမြဲတမ်းသယ်လေ့ရှိပါတယ်။ ဒါမှ အကူအညီလိုနေတဲ့သူတွေတဲ့အခါ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ သူက တိရစ္ဆာန်လေးတွေ ခွဲစိတ်ကုသမှုအတွက် လိုအပ်တဲ့ငွေကို ကာမိဖို့ရာ အလှူငွေတိုးလာဖို့အတွက် ရည်ရွယ်ပြီး GoFundMe ပေ့ချ်ကို ထောင်ထားပါတယ်။ အသေးအမွှားကုသစရိတ်က ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိပြီး အကြိတ်ခွဲစိတ်ထားလို ကြီးမားတဲ့ကုသမှုကတော့ ဒေါ်လာ ၁,၅၀၀ ဝန်းကျင်ရှိပါတယ်။

ဝေါလ်တာရဲ့ခွေးလေး ဒင်ဂါဟာ ခွဲစိတ်ကုသဖို့လိုအပ်နေတဲ့ ရှားပါးရောဂါအခြေအနေ ဖြစ်နေတာပါ။ လက်ရှိမှာ ဒေါက်တာက ဒီခွဲစိတ်ကုသမှုကို အကောင်းအထည်ဖော်နိုင်ဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ ဒါက တော်တော်ကုန်ကျစရိတ် များမယ်ဆိုတာကို သူ သိထားပါတယ်။ အခုဆိုရင် သူက အိမ်ခြေရာမဲ့ လူတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ပိုပြီးကူညီပေးမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

ဒေါက်တာစတီဝက်က တိရစ္ဆာန်လေးတွေ ဓာတ်မတည့်မှုဖြစ်တာ၊ အရေပြားနဲ့နား ရောဂါပိုးဝင်တာ၊ သွားမကောင်းတာ၊ အဆစ်အမြစ် ရောင်ရမ်းတာတွေကို ကုသပေးနေတာပါ။ သူ့ရဲ့ရန်ပုံငွေပေ့ချ်ဖြစ်တဲ့ GoFundMe မှာ “ပမာဏနည်းနည်းကလည်း အားလုံးကို ကွဲပြားခြားနားသွားစေနိုင်ပါတယ်” လို့ ဒေါက်တာစတီဝက်က ရေးသားထားပါတယ်။

Ref: This Man Is A Veterinarian Who Walks Around California And Treats Homeless People’s Animals For Free

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top