နှစ်ပေါင်း (၂၀၀) ကျော်ကြာမှ UK ရဲ့ကောင်းကင်ထက်မှာ အမြီးဖြူလင်းယုန်ငှက်ကို ပြန်မြင်တွေ့ခဲ့ရ

4-5-2020-yyl-020.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကျော်ကတည်းက မျိုးတုန်းပျောက်ကွယ်နေခဲ့တဲ့ အမြီးဖြူလင်းယုန်ငှက်ကို UK ရဲ့ကောင်းကင်ထက်မှာ ပျံဝဲနေတာကို ပြန်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလင်းယုန်ငှက်ရဲ့အတောင်ပံအလျားက (၂.၅) မီတာရှိပြီး UK ရဲ့အကြီးဆုံးငှက်လို့ပြောလို့ရပြီး (၁၇၈၀) ခုနှစ်မှာ အင်္ဂလန်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၁၆) ခုနှစ်ထိတော့ စကော့တလန်မှာ တွေ့မြင်ခဲ့ရတာတွေတော့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပင်လယ်လင်းယုန်ငှက်တွေလို့လည်း သိထားကြတဲ့ ဒီလိုငှက်တွေကို Forestry England နဲ့ the Roy Dennis Wildlife Foundation တို့ရဲ့ ပူးတွဲပရောဂျက်အနေနဲ့ UK မှာ ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Isle of Wight ဆီ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး အဲဒီငှက်တွေ ဘယ်လိုတွေလုပ်နေလဲဆိုတာကို မျက်ခြေမပျက်စောင့်ကြည့်စေခဲ့ပါတယ်။ အဲဒီငှက်တွေက ဆောင်းရာသီမှာ လှုပ်ရှားမှုမရှိပေမဲ့ နွေရာသီမှာတော့ သူတို့တွေက အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ဒေသတော်တော်များများဆီ ပျံ့သန်းကြတယ်လို့ GPSရဲ့ ဒေတာတွေက ပြသနေပါတယ်။

“၂၀၂၀ခုနှစ် နွေဦးရာသီမှာ Isle of Wight က လွှတ်လိုက်တဲ့ ငှက်တွေကို အရေအတွက်တော်တော်များများကို တွေ့မြင်ရဖို့ရှိတယ်” လို့ The Roy Dennis Wildlife Foundation က ပြောပါတယ်။ အခုဆိုရင် ဖောင်ဒေးရှင်းက အမြီးဖြူလင်းယုန်ငှက်တွေထဲက တစ်ကောင်ကို တွေ့မြင်ခဲ့ရင် ဓာတ်ပုံရိုက်ပြီး သူတို့ရဲ့ဝက်ဘ်ဆိုက်ကိုအသုံးပြုပြီး ပို့ပေးဖို့ လူတိုင်းကို တိုက်တွန်းပြောဆိုထားပါတယ်။ အဲဒီငှက်တွေမှာ လက်သည်း၊ ခြေထောက်နဲ့ နှုတ်သီးတို့က အဝါရောင်ရှိပြီး အမြီးကတော့ အဖြူရောင်ရှိပါတယ်။ “အဲဒီလင်းယုန်ငှက်တွေက သူတို့သားပေါက်မယ့်နေရာကိုမပြန်ခင် ပထမဆုံး(၂) နှစ်ကို ကောင်းကင်မှာ ပျံ့သန်းနေတတ်ကြပါတယ်။ သင် နေထိုင်တဲ့နေရာကနေ စောင့်ကြည်နေမယ်ဆိုရင် မြင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အိမ်မှာပဲနေကြပါ။ အန္တရာယ်ကင်းကင်းနဲ့နေပါ” လို့ The Roy Dennis Foundation က မီဒီယာကို ပြောပါတယ်။

UK မှာ ဒီလင်းယုန်ငှက်တွေကို ပြန်လည်အသက်ဝင်စေမယ့်ပရောဂျက်ကို လူတိုင်း သဘောမတူခဲ့ကြပါဘူး။ ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့သူတွေကြောင့် တချို့လယ်သမားတွေက သူတို့ရဲ့မွေးမြူရေးလုပ်ငန်းကို စိတ်မအေးရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမြီးဖြူလင်းယုန်ငှက်တွေက UK မှာ ကာကွယ်ခြင်းခံထားရတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ အဲဒီငှက်တွေကို လူတွေက ထိခိုက်ဒဏ်ရာရအောင်မလုပ်ဖို့၊ မသတ်ပစ်ဖို့၊ ဥတွေနဲ့ အသိုက်ကိုလည်း မဖျက်စီးပစ်ဖို့ ဥပဒေထုတ်ထားပါတယ်။ ဒီဥပဒေကို ချိုးဖောက်ရင် ဒဏ်ကြေးငွေ ပေါင် (၅၀၀၀) (သို့) ထောင်ဒဏ် (၆) လချမှတ်ခံရနိုင်ပါတယ်။

Ref: White-Tailed Eagles Return To UK Skies For First Time In More Than 200 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top