ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ ရောက်ရှိ

8-4-2020-yyl-024.jpg

COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီထိန်းချုပ်ကုသရေးလုပ်ငန်းတွေအတွက် တရုတ် နိုင်ငံက ပေးပို့လှူဒါန်းတဲ့ ဆေးအသုံးအဆောင်ပစ္စည်းတွေကို တင်ဆောင်လာတဲ့လေယာဉ်ဟာ ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အခုလိုပေးပို့လှူဒါန်းတဲ့ ဆေးပစ္စည်းတွေကို တင်ဆောင်လာတဲ့ တရုတ်လေကြောင်းလိုင်းက လေယာဉ်ဟာ ကူမင်းလေဆိပ်ကနေထွက်ခွာခဲ့ပြီးတော့ ဒီနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီလေယာဉ်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က အဖွဲ့ဝင်(၁၂)ဦးပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့နဲ့အတူ Disposable Coverall, Medical Protective Face Mask & Medical Face Mask စသည့် ဆေးပစ္စည်းတွေကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုတိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့ ဆေးပစ္စည်းတွေကို စေလွှတ်ပေးပို့ခဲ့တာဖြစ်ပါတယ်။

အခုလိုပေးပို့လှူဒါန်းတဲ့ ဆေးပစ္စည်းတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပ VIP ခန်းမ(၂) မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai နဲ့အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top