ကြင်စဦး ချစ်ဇနီးမောင်နှံတို့အတွက် အသင့်တော်ဆုံးအိမ်ရာ Garden City Apartment Complex

gardencity01.jpg

အခုလို ထိမ်းမြားမင်္ဂလာတွေဆောင်နှင်းနေကြတဲ့ အခါသမယလေးမှာ အရည်အသွေးပြည့်မီတဲ့ဝန်ဆောင်မှုများကို တစုတစည်းတည်း ခံစားရရှိစေမယ့် Garden City Apartment Complex တွေကို ရောင်းချပေးနေပါတယ်။ မကြာခင်မှာ မင်္ဂလာဆောင်မယ့် ချစ်ဇနီးမောင်နှံတို့အတွက် အသင့်တော်ဆုံး အိမ်ရာ တစ်ခုဖြစ်လာစေမယ့် Garden City Apartment Complex အကြောင်းကို အသေးစိတ်လေ့လာနိုင်ဖို့ ပြောပြပေးပါရစေ။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို နယ်၊ တံခွန်တိုင် အဝိုင်း အနီး မန္တလေးမြို့ အဝင် (၇၄) လမ်း ခြောက်လမ်းသွား လမ်းမကြီး အနီး မန္တလေးစက်မှု ကုန်သွယ်မှုစင်တာ (MITC) စီမံကိန်းမှာ တည်ရှိ ပြီး အကျယ်အဝန်း အားဖြင့် ​မြေ (၅.၅၃၃) ဧကပေါ်မှာ Mandalay Garden City Construction က တာဝန်ယူ တည်ဆောက်လျှက်ရှိပါတယ်။ နှစ်(၆၀) ဂရန် မြေအမျိုးအစားပေါ်တွင် စုပေါင်းပိုင်ဆိုင်မှုဖြင့် စံချိန်စံညွှန်းမှီ တိုက်ခန်းများဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အသင့်နေထိုင်နိုင်မည့် အနေအထားနှင့် လူကြီးမင်းတို့ထံ အပ်နှံတော့မှာ ဖြစ်ပါတယ်။ ခေတ်နဲ့ လျှော်ညီသော နေထိုင်မှု ပုံစံ အသစ် တစ်ခုကို ဖော်ဆောင်ရင်း စျေးနှုန်းသင့်တင့်သော Middle Class အိမ်ရာများကို တည်ဆောက်နေခြင်းဖြစ်ပါတယ်။

မိသားစုနေထိုင်နိုင်ပြီး နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ရရှိစေဖို့ Facility Management Team ထားရှိပြီး အိမ်ရာလိုအပ်ချက်များကို အမြဲပြုပြင် ထိမ်းသိန်းဖို့ ဆာင်ရွက်သွားမှာပါ။ ဆိုင်ကယ် ရပ်နားထားနိုင်ဖို့ မြေအောက်ထပ်နှင့် မြေပေါ် (၉) ထပ်ပါ အဆောက်အဦး (၁၅)လုံး ကလေး ကစားကွင်း နဲ့ ပန်းခြံ၊ အားကစားခန်းမ၊ City Mart အပါအဝင် Convenience စတိုးဆိုင်များ၊ စားသောက်ဆိုင်များ ပါဝင်မှာဖြစ်ပါတယ်။ အခန်းပုံစံများကိုလည်းထပ်ပြီး ပြောပြသွားဦးမယ်နော်။

(၁) အိပ်ခန်း(၂) ခန်းပါ စတုရန်းပေ (၆၀၅) ရှိ အခန်းပေါင်း ၄၂၀
(၂) အိပ်ခန်း(၃)ခန်းပါ စတုရန်းပေ (၉၂၅) ရှိ အခန်းပေါင်း ၂၄၀
(၃) အိပ်ခန်း(၃)ခန်းပါ စတုရန်းပေ (၁၂၁၀) ရှိ အခန်းပေါင်း ၃၀ ပါဝင်မှာဖြစ်ပြီး စုစုပေါင်း အခန်းရေ ၆၉၀ ရှိမှာဖြစ်ပါတယ်။

မြေညီထပ်မှာဆိုရင်တော့ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဆေးခန်း၊ ကုန်စုံဆိုင်၊ ကွန်ပျူတာဆိုင် အစရှိသော ဆိုင်များ ဖွင့်နိုင်ရန်အတွက် ဝယ်ယူထားတဲ့ လူကြီးမင်းများအား ဦးစားပေးငှားရမ်းမှာဖြစ်ပါတယ်။

တိုက်ခန်းရဲ့ Facilities ပိုင်းမှာဆိုရင် ငလျင်ဒဏ် ခံနိုင်အောင် Pile Foundation စနစ်ဖြင့် တည်ဆောက်ထားပြီး ၂၄နာရီ ရေ၊ မီး လုံခြုံရေး စနစ်တွေ ပါဝင်မှာပါ။ မီးဖိုချောင်မှ အမှိုက်စွန့်ပစ်နိုင်မယ့် အိမ်တွင်း အမှိုက်ပစ်စနစ် ပါရှိပါတယ်။ တိုက်ခန်း တစ်ခန်းအတွက် ဆိုင်ကယ် တစ်စီး ရပ်နားရာနေရာ နှင့် Retail Area တွေ၊ ဆေးခန်းတွေ၊ Training Center တွေ၊ စားသောက်ဆိုင် အများကြီး ပါဝင်ဦးမှာမို့ နေထိုင်သူတွေ အနေဖြင့် အနီးနား ပတ်ဝန်းကျင်မှာပဲ ကိုယ့်အတွက် လိုအပ်တာလေး လုပ်နိုင်မှာနော်။ ကားရပ်နားရန်အတွက်လည်း လစဉ်ကြေး ပေးသွင်းခြင်းဖြင့်ကား အစီး ၃၀၀ ခန့်ကို ရပ်နားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် Garden City Apartment Complex အိမ်ရာစီမံကိန်း တစ်ခုလုံးတွင် ဓာတ်လှေကား (၄၅) စင်း ပါဝင်မှာဖြစ်ပါတယ်။ အခန်း အပ်နှံတဲ့ အချိန်မှာ အသင့် နေထိုင်ရန် အနေအထား အထိ (Interior Decoration မပါ) အပ်နှံသွားမှာ ဖြစ်ပါတယ်။

အိမ်ရာကို သန့်ရှင်းသပ်ရပ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိရန်အတွက်လည်း မင်္ဂလာမန္တလေးအား တာဝန်ယူ စီမံခန့်ခွဲနေတဲ့ Madalay Management Coporation က Maintenace Fees အနေဖြင့် တိုက်ခန်းရဲ့ အကျယ်ဝန်း ပေါ်မူတည်ပြီး လစဉ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။

နွေးထွေးလုံခြုံသော မိသားစု ဘဝ၊ သန့်ရှင်း သပ်ရပ်သော ပတ်ဝန်းကျင်၊ စီးပွားရေး လုပ်ကိုင်ရန် ကောင်းသောနေရာလေး တစ်ခု၊ ခေတ်နဲ့လျော်ညီသော နေထိုင်မှုပုံစံ၊ စိတ်ချရသော ပိုင်ဆိုင်မှု အနေအထားတွေရှိမယ့် Garden City Apartment Complex လေးကို စိတ်ပါဝင်စားလို့ အသေးစိတ် မေးမြန်း ချင်ရင်ပဲဖြစ်ဖြစ် အသေးစိတ် အချက်အလက်များကို သိချင်ရင်ပဲဖြစ်ဖြစ်…

မင်္ဂလာမန္တလေးအတွင်းရှိ Information Center လိပ်စာ – ၇၃ လမ်း၊ သဇင်လမ်း နှင့် ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ သို့လာရောက် စုံစမ်းဝယ်ယူနိုင်ပါတယ်။

ခေတ်မီအရည်အသွေးမှီတဲ့ အိမ်ရာတစ်ခုမှာ နွေးထွေးလုံခြုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ချင်ရင်တော့ အခုပဲ

ဖုန်းနံပါတ် – 09-43148577, 09-43148588,09-452447779 ကို အမြန်ဆုံးဆက်သွယ်မေးမြန်းလို့ရပါတယ်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top