COVID-19 ကြောင့် Mask ဝတ်တဲ့အခါ ဒီလိုအမှားမျိုးတွေ မလုပ်မိအောင် ရှောင်ပါ

8-4-2020-yyl-028.jpg

COVID-19 အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ အပြင်ထွက်တဲ့အခါတိုင်း mask ဝတ်ဖို့ the Centres of Disease Control and Prevention ဟာ တစ်ကမ္ဘာလုံးက လူတွေကို တိုက်တွန်းထားတယ်ဆိုတာကို သိကြမှာပါ။ Mask တွေ ပြတ်လပ်နေတဲ့အတွက် အရေးပေါ်အခြေအနေအရ အိမ်မှာ ကိုယ်တိုင်ချုပ်လို့ရတယ်လို့လည်း အကြံပြုထားကြပါတယ်။ အိမ်လုပ်Mask တွေက အကာအကွယ်အပြည့်အဝမပေးနိုင်ပေမဲ့ ကူးစက်နိုင်ခြေကို ဖြတ်တောက်ပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

အပြင်ထွက်တဲ့အခါ maskတွေက အကူအညီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေ မဖြစ်အောင် အဟန့်အတားဖြစ်စေပါတယ်။ Mask ဝတ်ဆင်တာက ကူးစက်မှုအန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးအရာပါပဲ။ ဒါပေမဲ့ Mask ဝတ်ဆင်တဲ့အခါ မှန်မှန်ကန်ကန်ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ Mask ဝတ်ဆင်တဲ့အခါ ဒီလိုအမှားတွေ မလုပ်မိပါစေနဲ့နော်။

Mask ကို ပါးစပ်ကိုသာဖုံးပြီး ဝတ်ဆင်တာ

သင်က ခွဲစိပ်ခန်းသုံးmask ပဲဖြစ်ဖြစ် အိမ်မှာချုပ်တဲ့mask ပဲဖြစ်ဖြစ် နှာခေါင်းနဲ့ ပါးစပ်နှစ်ခုလုံးကို ဖုံးပြီး Maskကို ဝတ်ဆင်သင့်ပါတယ်။ ပါးစပ်ကိုပဲ ဖုံးထားတဲ့ mask တွေက ရောဂါပိုးမွှားတွေကို နှာခေါင်းလမ်းကြောင်းကနေ တဆင့်ဝင်ရောက်လာစေပြီး ရောဂါကူးစက်ခံနိုင်ပါတယ်။ အံ့ကိုက်မဖြစ်တဲ့ Mask တွေကလည်း ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တဲ့နေရာမှာ ထိရောက်မှုမရှိပါဘူး။ ဒါကြောင့် အံ့ဝင်ခွင်ကျဖြစ်တဲ့၊ ပါးစပ်နဲ့နှာခေါင်းတွေကို ဖုံးတဲ့ Mask တွေကို ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။

Mask ကို ဖြုတ်လိုက်၊ တပ်လိုက်လုပ်တာ

လူတော်တော်များများလုပ်မိနေတဲ့ နောက်ထပ်အမှားက Mask ဝတ်ထားတာကို မကြာခဏ ဖြုတ်လိုက်တတ်လိုက်လုပ်တာပါပဲ။ အိမ်အပြင်မထွက်ခင်မှာ သင့်လက်တွေကို သန့်စင်အောင်လုပ်ပါ။ ဒါမှ Mask ကို သင့်လက်က ပိုးမွှားတွေ မပျံ့နှံ့မှာဖြစ်ပြီး လက်ကို သန့်စင်ပြီးမှ Mask ကို ဝတ်ဆင်သင့်ပါတယ်။ ဝတ်ထားတဲ့ mask ကို ဖြုတ်လိုက်၊ တပ်လိုက်မလုပ်ဖို့လည်း အရေးကြီးပါတယ်။ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာပဲ လက်ကို သန့်စင်ဆေးကြောပြီးမှ Maskကို ချွတ်ရမှာဖြစ်ပါတယ်။ အိမ်ချုပ်mask ကို ချွတ်ပြီးတဲ့အခါတိုင်း ပိုးသတ်ပေးတာ (ဒါမှမဟုတ်) ရေနွေးပူနဲ့ လျှော်ဖွတ်ပေးလို့ရပါတယ်။

Mask တစ်ခုကို လက်နဲ့ထိတာ

Mask ချွတ်တဲ့အခါ နားချိတ်တဲ့ကြိုးနှစ်ခုကို ကိုင်ပြီး အမြဲတမ်း ဖြုတ်သင့်ပါတယ်။ Mask တစ်ခုလုံးကို လက်နဲ့ မထိဖို့တော့ အရေးကြီးပါတယ်။ Mask ရဲ့အပြင်ဘက်က မသန့်တဲ့နေရာဖြစ်နိုင်ပြီး အခြားနေရာတွေဆီ ရောဂါပိုးမွှားတွေ ကူးသွားနိုင်ပါတယ်။

စကားပြောတဲ့အခါ Mask ကို ချွတ်တာ

Mask တပ်ထားပြီး စကားပြောရတာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင့်နားက တစ်ယောက်ယောာက်နဲ့ စကားပြောတဲ့အခါ Mask ဖြုတ်ပြီး စကားမပြောရပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်းဆိုင်ရာ အရည်အိတ်တွေကတဆင့် ကူးစက်တာကို သတိရပါ။ နေမကောင်းတဲ့သူကို သင် စကားပြောနေရင် ဗိုင်းရပ်စ်က ပျံ့နှံ့နိုင်ပါတယ်။ Mask ဝတ်ဆင်တာက ကူးစက်နိုင်မှုကို လျော့ချပေးနိုင်ပြီး ဒီအကျင့်ကို လက်ဆေးတာ၊ လက်သန့်စင်တာ၊ လူစုလူဝေးရှောင်တာတွေလို လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ Mask ကို မချွတ်ပါနဲ့။

Ref: Using a homemade mask for coronavirus? Avoid making these mistakes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top