နောက်ဆုံးပေါ် Galaxy S Series ဖုန်းများကို You Only Live Epic အခမ်းအနားဖြင့် ဆမ်ဆောင်းမြန်မာ မိတ်ဆက်

13.2.2023-yyl-image-7.jpg

ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ္ဘာတစ်ဝန်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S23 Ultra, Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများအား Samsung Myanmar က “You Only Live Epic” မိတ်ဆက်ပွဲအခမ်းအနားကြီးနှင့်အတူ မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။

“You Only Live Epic” မိတ်ဆက်ပွဲအခမ်းအနားကြီးတွင် Samsung Myanmar ၏ Team Galaxy အဖွဲ့ဝင်များ ဖြစ်ကြသည့် ပိုင်တံခွန်၊ ပန်းရောင်ခြယ်၊ မေတိုးခိုင်၊ ပိုးမမှီသာတို့နှင့်အတူ အခြားသော နာမည်ကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် Samsung Galaxy S23 Series ၏ အမြင့်မားဆုံးသော စွမ်းဆောင်ရည်များနှင့် ကင်မရာ လုပ်ဆောင်ချက်များကို တက်ရောက်လာသည့် ဧည့်သည်တော်များ လက်တွေ့စမ်းသပ်နိုင်စေရန်အတွက်လည်း Experience Zones များကို ခင်းကျင်းပြသပေးခဲ့သည်။

“Galaxy S23 Series စမတ်ဖုန်းတွေမှာ Qualcomm ၏ ပြိုင်ဖက်ကင်း “Snapdragon® 8 Gen 2” ကို Samsung Galaxy Mobile Platform အတွက် သုံးပေးထားလို့ Gaming Performance ပိုင်းမှာ တစ်ကယ့်ကို အကောင်းမွန်ဆုံးနဲ့ လျင်မြန်ချောမွေ့မှုအရှိဆုံး ခံစားချက်မျိုးကို ရရှိစေပါတယ်။ နောက်ပြီး Vision Booster နဲ့ Cooling System ပိုင်းမှာလည်း ပိုပြီးကောင်းမွန်လာတဲ့အတွက် ဂိမ်းဆော့ရတာ လုံးဝ Epic ပါပဲ” ဟု Game Streamer တစ်ဦးဖြစ်သူ ICE ICE က ပြောသည်။

အလားတူ Samsung Galaxy S23 Ultra ၏ Nightography ကင်မရာစွမ်းဆောင်ရည်များကိုလည်း Mobile Photography နဲ့ Videography ဖန်တီးသူ ကိုထက်အောင်ကျော် (HAK) နှင့် Social Influencer မဝင်းမင်းသန်းတို့မှ စမ်းသပ်ရိုက်ကူးခဲ့ကြပြီး Nightography အတွေ့အကြုံနှင့် ရုပ်ပုံများကို စင်မြင့်ထက်တွင် ဧည့်သည်တော်များကြည့်ရှုနိုင်ရန် လက်တွေ့ပြသပေးခဲ့သည်။

ပြည့်စုံသာလွန်သည့် စွမ်းဆောင်ရည်များစွာနှင့် ဖန်တီးပြုလုပ်ပေးထားသည့် နောက်ဆုံးပေါ် Galaxy S23 Ultra၊ Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ကြိုတင်မှာယူပါက

၅၅၀,၀၀၀ ကျပ် တန်ဖိုးရှိ ပိုမိုမြင့်မားသော Memory / Storage Version အား အဆင့်မြှင့်တင်ပေးခြင်း

Silicon Grip Case နှင့် Travel Adapter တို့ကို တစ်ပါတည်း အထူးလက်ဆောင်အဖြစ်ရရှိနိုင်ခြင်း

Galaxy Buds2 ကို ကံထူးနိုင်ခြင်း (မှာယူသူများအနက် အယောက် ၅၀ ကို မဲဖောက်ပေးသွားမည်ဖြစ်သည်)

၁၀၀% အပြည့် Mobile Banking မှ တဆင့် ငွေပေးချေနိုင်ခြင်း

CB Bank Credit Card နှင့် AYA Pay တို့မှတဆင့် ၆ လအထိ အတိုးမဲ့အရစ်ကျစနစ် ဖြင့် ဝယ်ယူသွားနိုင်ခြင်း

မိမိလက်ရှိကိုင်ဆောင်အသုံးပြုနေသော Samsung စမတ်ဖုန်း (Galaxy Z Flip, Galaxy S9, Galaxy Note 8 အပြင် Galaxy A52 နှင့်အထက်) သို့မဟုတ် အခြားသောစမတ်ဖုန်းများနှင့် အလဲအလှယ်လုပ်ကာ လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ဝယ်ယူနိုင်‌ခြင်း။ ထိုသို့လဲလှယ်ဝယ်ယူခြင်းကြောင့် ထပ်ဆောင်း အပိုလက်ဆောင်အဖြစ် Galaxy S23 Ultra စမတ်ဖုန်း ဝယ်ယူသူများက မြန်မာငွေကျပ် ၄၀၀,၀၀၀၊ Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်း ဝယ်ယူသူများက မြန်မာငွေကျပ် ၂၀၀,၀၀၀ ရရှိနိုင်မည်ဖြစ်သည်။

Samsung Care+ အထူးဝန်ဆောင်မှု – ဖုန်းကိုဝယ်ယူသည့်နေ့မှ တစ်နှစ်အတွင်း မတော်တဆဖြစ်၍ ဖုန်းရှေ့မျက်နှာပြင်ကွဲခြင်းအတွက် ၇၀% အထိ သက်သာခွင့် (သို့မဟုတ်) နောက်မျက်နှာပြင်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ၁၀၀% အထိ သက်သာခွင့် တစ်ကြိမ်ကို ပေးအပ်သွားမည့် Samsung Care+ ဝန်ဆောင်မှု
စသည့် အထူးအကျိုးခံစားခွင့်များကို ရရှိသွားမည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top