ကိုရိုနာဗိုင်းရပ်စ်ကုသ၊ ကာကွယ်ဆေးဖြစ်မြောက်ဖို့အတွက် သွေးလှူဒါန်းပေးခဲ့တဲ့ တွမ်ဟန့်ခ်စ်တို့ ဇနီးမောင်နှံ

27-4-2020-yyl-001.jpg

မတ်လက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ ကြေညာခဲ့တဲ့ မင်းသားကြီးတွမ်ဟန့်ခ်စ်နဲ့ သူ့ဇနီးတို့ဟာ ရောဂါကူးစက်ခံရတာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးတဲ့နောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကုသ၊ ကာကွယ်ဆေးဖြစ်မြောက်ဖို့ ကူညီပေးတဲ့အနေနဲ့ သူတို့ရဲ့သွေးတွေကို လှူဒါန်းလိုက်ပါပြီ။

တွမ်ဟန့်ခ်စ်နဲ့ သူ့ဇနီးရီတာတို့ဟာ ဇာတ်ကားရိုက်ကူးဖို့အတွက် သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ်မှာ COVID-19 ရောဂါပိုးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မတ်လအစောပိုင်းမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး Quarantine ခံယူကာ ရောဂါလက္ခဏာတွေ သက်သာလာပြီးနောက် မတ်လကုန်မှာ လော့စ်အိန်ဂျလိစ်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တွစ်ဟန့်ခ်စ်က သူနဲ့သူ့ဇနီးတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကုသ၊ ကာကွယ်ဆေး ဖော်ထုတ်စမ်းသပ်ဖို့အတွက် သူတို့ရဲ့သွေးနဲ့ သွေးရည်ကြည်တို့ကို လှူဒါန်းခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတစ်ခုမှာ ထုတ်ပြောခဲ့တာပါ။

“ကျွန်တော်တို့ အခုဘာလုပ်နေလဲ၊ ကျွန်တော်တို့ လုပ်နိုင်တာရှိလားဆိုပြီး မေးခွန်းထုတ်မိပါတယ်။ အဲဒီနောက် ကျွန်တော်တို့ သွေးအတွင်း ပရိုတင်းဓာတ် (antibodies) ကို ပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သွေးကို သူတို့လိုချင်လား။ ကျွန်တော်တို့ သွေးရည်ကြည်ကို ပေးနိုင်လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့တယ်” လို့ တွမ်ဟန့်ခ်စ်ကဆိုပါတယ်။ သူက ကုသ၊ကာကွယ်ဆေးဟာ သူ့ရဲ့သွေးလှူဒါန်းမှုကနေ ပြုလုပ်ထားမယ်ဆိုရင် ဆေးနာမည်အဆင်သင့်ရှိနေပြီလို့လည်း စနောက်ပြောခဲ့ပါတယ်။ “အခုဆိုရင် ကျွန်တော် “Hank-ccine”လို့ ခေါ်ချင်တဲ့ ဖြေဆေးရဖို့ မျှော်လင့်ရတဲ့ နေရာတွေကို သွေးလှူဒါန်းပေးနေမှာဖြစ်ပါတယ်” လို့တွစ်ဟန့်ခ်စ်က ဆိုပါတယ်။

သူနဲ့သူ့ဇနီးရီတာတို့က ဗိုင်းရပ်စ်ကူးစက်ခံရပြီးတဲ့နောက်မှာ နေလို့ထိုင်လို့ကောင်းနေပြီလို့လည်း အင်တာဗျူးမှာ တွစ်ဟန့်ခ်စ်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က နောက်ထပ်အင်တာဗျူးတစ်ခုမှာလည်း “ရီတာက ကျွန်တော်ထက် ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ သူ အပြင်းဖျားခဲ့ပါတယ်။ သူဟာ အနံ့၊ အရသာခံမှု ပျောက်ဆုံးခဲ့ပါတယ်။ (၃) ပတ်လုံး အစား ကောင်းကောင်းမစားခဲ့ရဘူး” လို့သူ့မိန်းမ ရီတာရဲ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတုန်းက အခြေအနေကို ထုတ်ပြောပြခဲ့ပါသေးတယ်။

Ref: Tom Hanks’ Blood Is Being Used to Develop Coronavirus Vaccine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top