ဒူးရင်းသီးအစားများလို့ ယာဉ်မောင်းတစ်ယောက် Breathalyser စစ်ဆေးမှုကျခဲ့

59295622_2356810797683160_6943798138545111040_n.jpg

တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ဒူးရင်းသီးအစားများသွားလို့ သွေးအတွင်း အရက်ပါဝင်မှုစစ်ဆေးရာမှာ မအောင်မြင်ခဲ့ပါဘူး။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျင်းဆုပြည်နယ်၊ ရူတုံကောင်တီမှာနေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားကို အရက်သောက်ပြီးကားမောင်းတယ်လို့ သံသယရှိတဲ့အတွက် ဧပြီလ (၁၇) ရက်နေ့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီအမျိုးသားဟာ ဝင်သက်၊ ထွက်သက်နမူနာကိုကြည့်ပြီး သွေးအတွင်း အယ်လ်ကိုဟောပါဝင်မှုပမာဏကိုတိုင်းတာတဲ့ စစ်ဆေးမှု (Breathalyser) မှာ မအောင်ခဲ့ပါဘူး။

ရုပ်သံမှတ်တမ်းရိုက်ကူးထားတဲ့ ဒီဖြစ်ရပ်မှာ သူက ” ကျွန်တော် ဒူးရင်းသီးပဲ စားခဲ့တာပါဗျာ”လို့ ပြောခဲ့ပါတယ်။ သူ့ကို သွေးစစ်ဆေးမှုလုပ်ရာမှာ သူ့ရဲ့သွေးအတွင်း အယ်လ်ကိုဟောမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ နားလည်ရခက်ခဲသွားတဲ့ ယာဉ်ထိန်းရဲတွေက သူတို့ကိုယ်တိုင် ဒူးရင်းသီးစားပြီး Breathalyser စစ်ဆေးခဲ့ပါတယ်။ ဒူးရင်းသီးစားပြီးရင် သွေး (၁၀၀) မီလီလီတာမှာ အယ်လ်ကိုဟောပမာဏ (၃၆) မီလီဂရမ်ပြနေတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

တရုတ်နိုင်ငံမှာ တရားဝင်သတ်မှတ်ပေးထားတဲ့ပမာဏကတော့ သွေး (၁၀၀) မီလီလီတာမှာ အယ်လ်ကိုဟော (၂၀) မီလီဂရမ်ပဲ ရှိရမှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ဝေဖန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အရင်တုန်းကလည်း သြစတြေးလျနိုင်ငံက လော်ရီကားမောင်းသူတစ်ယောက်ဟာ စပျစ်သီးခြောက်ပေါင်မုန့်တစ်လုံးစားမိလို့ Breathalyser စစ်ဆေးမှု မအောင်မြင်တဲ့အဖြစ်တစ်ခု ရှိခဲ့ဖူးပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top