အောင်လကို စိန်ခေါ်လိုက်တဲ့ ဝယ်သာဝိတ်တန်းဘုရင် Abbasov

24-4-2020-yyl-061.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်ဝံ့သူ အများကြီးတော့ မရှိပါဘူး။ ဒါက လည်း Sanford MMA အသင်းသား အောင်လရဲ့အကောင်းဆုံးအသက်အရွယ်၊ အကောင်းဆုံးစွမ်းဆောင်ရည်၊ ၇ ပွဲဆက်တိုက် အနိုင်ရ ထားတဲ့ မှတ်တမ်းကောင်းတွေကြောင့် ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မြန်မာ့စပါးအုံးဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း ရုရှားအား ကစားသမား Vitaly Bigdash ထံကနေ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူပြီးနောက်ပိုင်း သရဖူကာကွယ်ပွဲ ၃ ပွဲအနိုင်ရ ထားသလို လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဟာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်လာတဲ့ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera ကိုလည်း ဒုတိယအချီမှာ ဒိုင်ပွဲရပ်အနိုင်ယူကာ ရပ်တန့်လို့မရနိုင်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ အောင်လအန်ဆန်ဟာ စတုတ္ထမြောက်မစ်ဒယ်ဝိတ်တန်း သရဖူကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း Bigdash နဲ့ တတိယအကြိမ်ထိုး သတ်ဖို့ရှိပေမယ့် ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားပါတယ်။ ဒီအချိန်မှာ ၎င်းထက် ဝိတ်တန်းတစ် တန်းနိမ့်တဲ့ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာဂျစ္စတန်အားကစားသမား Kiamrian “Brazen” Abbasov က အနာဂတ်တစ်ချိန်မှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ပြောကြားပါတယ်။

အသက် ၂၆ နှစ်အရွယ် Abbasov ဟာ ကစားသမားဘဝတစ်လျှောက် ၂၂ ပွဲနိုင်၊ ၄ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပြီး နပမ်းကို စတင်သင် ကြးခဲ့သူပါ။ ဒီနောက် လက်ဝှေ့ကိုပါဆည်းပူးရင်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားဘက် ကူးပြောင်းလာတဲ့၎င်းဟာ မြေပြင်ချုပ် ကွက်ပိုင်းသာမက မတ်တပ်ရပ်တိုက်ခိုက်မှုပိုင်းမှာပါ တစ်ဖက်ကမ်းခတ် ထူးချွန်သူပါ။ စင်ကာပူအခြေစိုက် ONE Championship နဲ့ စ တင်လက်တွဲတဲ့ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးပွဲစဉ်မှာ ဘရာဇီးလ်အားကစားသမား Luis Santos ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း နောက် ၃ ပွဲ မှာတော့ Nursultan Ruziboev၊ Agilan Thani၊ Yushin Okami တို့ကို ဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်၊ အောက် တိုဘာလအတွင်း ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆွီဒင်အားကစားသမား Zebaztian Kadestam နဲ့ ထိုးသတ်ခွင့်ရခဲ့ပြီး အသာစီးယှဉ် ပြိုင်နိုင်တာကြောင့် အမှတ်နဲ့အနိုင်ယူကာ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ပြောင်းလဲရပ်တည်ခဲ့ပါတယ်။

Kadestam နဲ့ ယှဉ်ပြိုင်ပြီးနောက် ဒဏ်ရာပြန်လည်ကောင်းမွန်လာဖို့၊ အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် အချိန်တစ်ခုယူခဲ့ပြီး တဲ့နောက် လက်ရှိမှာတော့ နောက်ထပ်တိုက်ပွဲတစ်ပွဲကို ထပ်မံရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Abbasov က ကြုံးဝါးပါတယ်။ ရုရှားနိုင် ငံမှာ အခြေချနေထိုင်လေ့ကျင့်လျက်ရှိတဲ့ ၎င်းဟာ ပထမဆုံးအနေနဲ့ ဝယ်သာဝိတ်တန်း သရဖူကာကွယ်ပွဲယှဉ်ပြိုင်ရဖို့ရှိနေပြီး ရှုံးပွဲလုံးဝမ ရှိသေးတဲ့ ဂျပန်-အမေရိကန်အားကစားသမား James Nakashima နဲ့ ထိုးသတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အ သက် ၃၁ နှစ်အရွယ် Nakashima ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၂ ပွဲစလုံးအနိုင်ရထားပြီး ONE Championship မှာ အနိုင် ရထားတဲ့ ၃ ပွဲလည်း ပါဝင်ပါတယ်။ ၎င်းဟာ Abbasov ရှုံးနိမ့်ခဲ့တဲ့ Luis Santos အပြင် Yushin Okami ကိုလည်း အနိုင်ရထားလို့ လျှော့ တွက်လို့မရပါဘူး။ ဒါပေမဲ့လည်း Abbasov ကတော့ ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော့်ရဲ့နောက်ထပ်ပြိုင်ဘက်က James Nakashima ဖြစ်လာဖို့များပါတယ်။ ဒါပေမဲ့လည်း ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ရပါစေ ကျွန်တော် ကတော့ ဂရုမစိုက်ပါဘူး။ ကစားသမားဘဝက အနားယူတဲ့အချိန်အထိ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမှာဖြစ် ပါတယ်” လို့ Abbasov က ကြုံးဝါးပါတယ်။ ဒါ့အပြင် ၎င်းက ဝယ်သာဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်ပြီးသွားရင် နောက်ထပ်ပစ် မှတ်က မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ထပ်မံရယူဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံ အောင်လအန်ဆန်က Bigdash နဲ့ တတိယအကြိမ်ထိုးသတ်ဖို့ရှိတာကြောင့် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆို ပါတယ်။

“အောင်လအန်ဆန်နဲ့ ထိုးသတ်ချင်တာ အမှန်ပါပဲ။ ဒါပေမဲ့လည်း ပထမဆုံးအနေနဲ့ သူက ကျွန်တော့်ရဲ့သူငယ်ချင်း Vitaly Bigdash နဲ့ သရဖူကာကွယ်ပွဲ အရင်ထိုးသတ်ရမှာဖြစ်ပါတယ်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့တတိယအကြိမ် မကြေပွဲက ဘာတွေဖြစ်လာမလဲဆိုတာ အရင်စောင့်ကြည့်ရမှာပါ။ နောက်တော့မှ ကျွန်တော်နဲ့ အောင်လအန်ဆန်ပွဲ ဖြစ်မဖြစ်ဆိုတာ သိရမှာပါ။ ကျွန်တော်ကတော့ ဝယ်သာဝိတ် တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အပြင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ Novorosfight အသင်း သား Abbasov က အနာဂတ်အစီအစဉ်ကို ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top