ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ လိုက်ပါမယ့်ခရီးသည်အားလုံး နှာခေါင်းစည်းတပ်ဖို့ ကိုရီးယားလေကြောင်းလိုင်း ထုတ်ပြန်

15-5-2020-yyl-032.jpg

လာမယ့်တနင်္လာနေ့ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ လိုက်ပါမယ့် ခရီးသည်အားလုံး နှာခေါင်းစည်းတပ်ရမယ်လို့ ကိုရီးယားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဗဟိုကပ်ရောဂါတုံ့ပြန်လှုပ်ရှားရေးရုံးချုပ်ရဲ့ လမ်းညွှန်ချက်အတိုင်း အခုလိုစည်းမျဉ်းထုတ်ရတာ ဖြစ်ပါတယ်။

ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအစည်းအရုံး(IATA)က ညွှန်ကြားထားပြီး တခြားပြည်ပလေကြောင်းလိုင်းတွေမှာလည်း အလားတူစည်းမျဉ်းတွေ ကျင့်သုံးနေတယ်လို့ ကိုရီးယားလေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေယာဉ်ပေါ်မတက်ခင် စာရင်းသွင်းတဲ့ ကောင်တာနဲ့ စောင့်ဆိုင်းရာနေရာတွေမှာ နှာခေါင်းစည်းတွေ၊ သင့်တော်တဲ့ မျက်နှာအကာအကွယ်တွေ တပ်ဆင်ရမှာဖြစ်ပြီး အသက်နှစ်နှစ်အောက် ကလေးငယ်တွေ၊ အကူအညီပေးမယ့်သူမပါဘဲ နှာခေါင်းစည်း မဖြုတ်နိုင်သူတွေ၊ နှာခေါင်းစည်းတပ်ရင် အသက်ရှူကျပ်လေ့ရှိသူတွေကိုတော့ ခြွင်းချက်ပေးထားပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေမှာလည်း ဒီစည်းမျဉ်းကို အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ ကိုရီးယားလေကြောင်းလိုင်းက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top