အိမ်ရာမဲ့တွေကို အလုပ်ပေးပြီး ပြဿနာနှစ်ခုကို ဖြေရှင်းလိုက်တဲ့ မြို့

30-12-2022-yyl-139.jpg

အမေရိကန်နိုင်ငံ ကန်းဆက်မြို့မှာ အိမ်ရာမဲ့ ပြဿနာဖြေရှင်းဖို့ စမ်းသပ်စီမံကိန်းအဖြစ် အိမ်ရာမဲ့တွေကို အချိန်ပိုင်းအလုပ်ပေးပြီး နေစရာ ပေးခဲ့ကြပါတယ်။ ကန်းဆက်မြို့မှာ အိမ်ရာမဲ့ ၁၈၀၀ ဝန်းကျင်ရှိတဲ့အနက် အိမ်ရာမဲ့ ၂၆ ယောက်ကို လမ်းသန့်ရှင်းရေးအလုပ်ပေးခဲ့ပြီး အိမ်ရာ လျှောက်ထားခွင့် ပြုခဲ့တာပါ။

အိမ်ရာမဲ့ ၂၆ ယောက်ကို လမ်းသန့်ရှင်းရေးအလုပ် ပေးခဲ့ပြီးနောက် လမ်းပေါ်က အမှိုက် ပေါင် ၆၇၀၀၀ ကျော်ကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါတယ်။ အိမ်ရာမဲ့ ၂၀၀ ကျော်ကို ကူညီပေးခဲ့တဲ့ အကျိုးအမြတ်အဓိကမထား ပရဟိတအဖွဲ့အစည်း Hope Faith က အိမ်ရာမဲ့တွေကို တစ်နာရီ လုပ်အားခ ၁၅ ဒေါ်လာ ပေးပါတယ်။

လာမယ့် ဇန်နဝါရီလမှာတော့ လမ်းသန့်ရှင်းရေးလုပ်သား ၂၀ ထပ်မံခေါ်ယူဖို့ ရှိပြီး အိမ်ရာမဲ့ထဲက ၅ ယောက်၊ ထောင်ဒဏ် နှစ်ရှည် ကျခံခဲ့ရဖူးပြီး လူ့အဖွဲ့အစည်းထဲကို ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ အကျဉ်းသားဟောင်းထဲက ၅ ယောက် ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

Ref: Kansas City Gives Jobs to its Most Vulnerable Residents—And Housing Soon Followed

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top