ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားရတဲ့ ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်လို့ လူသောင်းချီကို ရွှေ့ပြောင်းပေးခဲ့ရ

15-5-2020-yyl-029.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွန် ဝင်ရောက်တိုက်ခတ်လို့ လူသောင်းချီကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဆာမာကျွန်းကို မုန်တိုင်းတိုက်ခတ်ခဲ့တာပါ။ တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွန်ဟာ ၂၀၂၀ ရာသီအတွင်း ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်တဲ့ ပထမဆုံး အမည်ရှိမုန်တိုင်းဖြစ်ပါတယ်။ ဗွန်ဖွန်မုန်တိုင်းကြောင့် အနည်းဆုံး တစ်နာရီ ၁၁၅ မိုင် လေတိုက်နှုန်းရှိခဲ့ပြီး အဲဒီပမာဏဟာ အဆင့် ၃ ဟာရီကိန်းမုန်တိုင်းနဲ့ ညီမျှပါတယ်။

ဆမ်မာကျွန်းနားတစ်ဝိုက် ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူ အနည်းဆုံး ၂၀၀၀၀၀ ကတော့ မုန်တိုင်းဒဏ်ခံစားခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားလို့ မုန်တိုင်းသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံနှံ့မှုမရှိအောင် ဘေးရှောင်စခန်းတွေမှာ သတ်မှတ်ဦးရေရဲ့ တစ်ဝက်ပဲ လက်ခံခဲ့ပြီး လာရောက်ခိုလှုံသူတွေကို နှာခေါင်းစည်းတွေ တပ်ခိုင်းထားဖို့ ရှိပါတယ်။

လူဦးရေ သန်း ၅၀ ကျော် နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၈၇၆ ယောက် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အပူပိုင်းပစိဖိတ်ဒေသထဲမှာ တည်ရှိတဲ့အတွက် ပျမ်းမျှအားဖြင့် တစ်နှစ်ကို မုန်တိုင်း ၈ လုံး၊ ၉ လုံးလောက် တိုက်ခတ်ခံရလို့ ရှိပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top