အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိခဲ့သူ ကျန်းမာရေးပြန်ကောင်းလာလို့ ဆေးရုံမှ ပြန်ဆင်းခွင့်ရပြီ

15-5-2020-yyl-031.jpg

အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်လို့ ဆရာဝန်တွေ မှတ်ချက်ပေးခဲ့ကြတဲ့ အမျိုးသားဟာ COVID-19 ရောဂါနဲ့ ၂ လကြာ တိုက်ပွဲဝင်ခဲ့ရပြီးနောက်မှာတော့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့ပါပြီ။ အသက် ၅၄ နှစ်ရှိတဲ့ ဂါဖီးလ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အီတလီမြောက်ပိုင်းကို ခရီးသွားခဲ့ပြီး မတ်လအစောပိုင်းမှာတော့ နာမကျန်းဖြစ်လာလို့ ဆေးရုံရောက်ခဲ့တာပါ။ သူက အဆုတ်ရောင်ရောဂါနဲ့ ကျောက်ကပ်အလုပ်လုပ်မှု ရပ်တန့်တဲ့ ဝေဒနာတွေလည်း ခံစားခဲ့ရပါတယ်။ သူ့ရဲ့ အဆုတ် အစိတ်အပိုင်း လေးခုကလည်း ရပ်တန့်သွားခဲ့ပါတယ်။

သူက လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆၄ ရက်ကြာ ဆေးရုံတက်ခဲ့ရပြီး အဲဒီအထဲမှာ ၃၁ ရက်ကတော့ အသက်ရှူစက် တပ်လျက်အနေအထားနဲ့ပဲ။ အဲဒီအတွက် ဆရာဝန်တွေက အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ သူကတော့ ထင်ကြေးတွေကို လွန်ဆန်ပြီး ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ စိန့်ဂျိုးဆက်ဆေးရုံရဲ့ သမားတော်တွေ၊ ဆရာဝန်တွေရဲ့ ကုသစောင့်ရှောက်မှုတွေကြောင့်လည်း ပါတာပေါ့။ သူက နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း လှုပ်ရှားနိုင်ပြီး ဆေးရုံကဆင်းတဲ့နေ့မှာတော့ လမ်းလျှောက်အကူကိရိယာနဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ သူ ဆေးရုံက ဆင်းတဲ့နေ့မှာ ဆေးရုံဝန်ထမ်းအားလုံးက သူ့ကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top