နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ကို မြန်မာအမျိုးသမီး ပန်းချီပညာရှင် ၇၅ ဦးတို့ ပူးပေါင်းဂုဏ်ပြု

75-for-75th_KV2.jpg

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်အနေနဲ့ “75 for 75th” အမည်ရ အွန်လိုင်းပန်းချီပြပွဲတစ်ခုကို အမျိုးသားပြတိုက် (ရန်ကုန်) က ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာ စတင်ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ မြန်မာအမျိုးသမီးပန်းချီပညာရှင် ၇၅ ဦးတို့ ရေးဆွဲထားတဲ့ ပုံတူပန်းချီကားပေါင်း ၇၅ ကားကို ပြသထားတဲ့အတွက် အံဒီအွန်လိုင်းပန်းချီပြပွဲရဲ့အမည်ကို “75 for 75th” လို့ ခေါ်ဆိုထားရခြင်းဖြစ်ပါတယ်။

ဒီပြပွဲရှိ ပန်းချီကားများကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ပြည်၊ ထားဝယ်နှင့် ဖြူး အစရှိတဲ့ မြန်မာနိုင်ငံအနှံ့အပြားက အမျိုးသမီးပန်းချီပညာရှင်များဟာ ရေဆေး၊ ဆီဆေး၊ အက်ခရိုင်းလစ်၊ မီးသွေး၊ ခဲမှုန့် အစရှိတာတွေကို အသုံးပြုပြီး ရေးဆွဲထားခြင်းဖြစ်ပါတယ်။ အစက မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တွင်တည်ရှိသော အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အွန်လိုင်းပန်းချီပြပွဲ အဖြစ် ပြောင်းလဲပြသခဲ့ခြင်းဖြစ်ပါတယ် ပြပွဲမှာ ပါဝင်ပြသထားသောပန်းချီကားများကို အမျိုးသားပြတိုက် (ရန်ကုန်) ရဲ့ Facebook စာမျက်နှာနှင့် website များတွင် စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

မိဘပြည်သူများအနေဖြင့် ဒီပန်းချီကားများကို ပြပွဲကို တရားဝင်ဖွင့်လှစ်လိုက်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တစ်နှစ်ပတ်လုံး အမျိုးသားပြတိုက် (ရန်ကုန်) ရဲ့ Facebook: https://www.facebook.com/nationalmuseumyangon/ တွင်လည်းကောင်း၊ Website: https://www.nationalmuseumyangon.gov.mm/ တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top