အူရီဒူးမြန်မာက 4G LTE TURBO ကွန်ရက်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြန့်ကြက်

18-3-2020-yyl-025.jpg

ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာဟာ လိုင်းဆွဲအားတည်ငြိမ်ကောင်းမွန်တဲ့ မိုဘိုင်းအင်တာနက် အသုံးပြုလိုတဲ့ အူရီဒူးအသုံးပြုသူတွေအတွက် အဆင်မြှင့်တင်ထားတဲ့ 4G LTE TURBO ကွန်ရက်ကို မြန်မာနိုင်ငံအနှံအပြားမှာ ဖြန့်ကြက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

4G LTE TURBO ကွန်ရက်ဟာဆိုရင် LTE 1800 နှင့် LTE 900 ၂မျိုးစလုံးကို အသုံးပြုပြီး ကွန်ရက်ဖြန့်ကြက်ပေးထားတဲ့ Dual Band အမျိုးအစားဖြစ်တာကြောင့် အဆောက်အအုံအတွင်းပိုင်းမှာ အင်တာနက်လိုင်းပိုမိပြီး ပိုမိုမြန်ဆန်လာမှာပါ။ လိုင်းတည်ငြိမ်မြန်ဆန်ပြီး လိုင်းဆွဲအား ပိုကောင်းလာတာဖြစ်သလို ကွန်ရက်ဖြန့်ကြက်မှုလည်း ပိုမို ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်းကစားသူတွေကတော့ ဂိမ်းကစားတဲ့အခါ lag မဖြစ်ဘဲ အိမ်ထဲမှာ ဇိမ်နဲ့ဂိမ်းကစားနိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ ဝက်ဘ်ဆိုဒ်တွေကို ဝင်ကြည့်တဲ့အခါမှာ မြန်ဆန်မှာဖြစ်သလို Facebook ပေါ်က ဗီဒီယိုတွေနဲ့ website တွေကို ဝင်ကြည့်တာကလဲ အထစ်အငေါ့မရှိဘဲ ပိုကောင်းလာမှာဖြစ်တဲ့အပြင် messageပို့တာတွေနဲ့ video တိုက်ရိုက်ထုတ်လွင့်တာတွေလည်း လိုင်းထစ်လိုင်းနှေးတာတွေ မရှိတော့ဘဲ လိုင်းဆွဲအားကောင်းကောင်းနဲ့ တည်ငြိမ်မြန်ဆန်လာမှာ ဖြစ်ပါတယ်။

အူရီဒူးရဲ့ 4G LTE TURBO ကွန်ရက်ဟာဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြန့်ကြက်ပေးထားတာကြောင့် အူရီဒူးဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ My Ooredoo App ကနေတဆင့် အင်တာနက်သုံးဖို့ ဒေတာPack တွေ၊ ဖုန်းခေါ်ဖို့ Vocie Pack တွေ၊ ဂိမ်းကစားဖို့ ဂိမ်း Packတွေကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူအသုံးပြု နိုင်သလို အပန်းဖြေစရာ ဒစ်ဂျစ်တယ် ဖျော်ဖြေမှုတွေကိုလည်း ရယူနိုင်ပါတယ်။ *565# ကို ဖုန်းခေါ်ဆိုပြီး My Ooredoo App ကိုရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top