ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့တဲ့ ရီးရဲလ်နောက်ခံလူ ရာမို့စ်ဟာ လာလီဂါသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ခံစစ်မှူးအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ ဆိုစီဒက်ဘက်ကို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ရာမို့စ်အတွက် ၆၈ ဂိုးမြောက် လာလီဂါသွင်းဂိုးဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနောက်ခံလူဟောင်း ရော်နယ်ကိုးမန်းကို ကျော်ဖြတ်ပြီး လာလီဂါရဲ့ ဂိုးသွင်းအများဆုံး နောက်ခံလူစာရင်းမှာ ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ ဆီဗီလာနဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်ဟာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားတစ်လုံး၊ ယူရိုဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်မှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ နီးပါး သွင်းယူခဲ့ပြီး နောက်ဆုံးပင်နယ်တီ ၁၇ လုံးကန်ရာမှာ ဂိုးမဝင်တာ တစ်ကြိမ်ပဲရှိခဲ့ပါတယ်။
Nz ( ရိုးရာလေး )