ဒီဂီယာက မန်ယူအတွက် ယုံကြည်ရတဲ့ဂိုးသမား မဟုတ်တော့ဘူးလို့ ဂယ်ရီနဗီးလ် ဝေဖန်

22-6-2020-yyl-010.jpg

မန်ယူဂိုးသမားဒီဂီယာဟာ အသင်းအတွက် ယုံကြည်စိတ်ချရတဲ့ ကစားသမားတစ်ယောက် မဟုတ်တော့ဘူးလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ပါတယ်။ စပါးကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒီဂီယာရဲ့အမှားကြောင့် မန်ယူအသင်း အဖွင့်ဂိုးပေးခဲ့ရပြီး အဲဒီဖြစ်ရပ်အတွက် မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းကလည်း သူ့ကို ဝေဖန်ခဲ့ပါတယ်။

” ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဒီဂီယာက မန်ယူအတွက် အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ အရင်လို စိတ်မချရတော့တာ အချိန်တော်တော်ကြာလာပါပြီ။ ၆ လလောက် လက်စွမ်းကျသွားရင် ဒါက အသေးအဖွဲကိစ္စပါ။ ဒါပေမဲ့ တစ်နှစ်လောက်ကြာလာရင်တော့ စိုးရိမ်စရာဖြစ်လာပါပြီ။ ၂ နှစ်ကျော်ကြာလာရင်တော့ ပြင်လို့မရတော့ပါဘူး။ စပိန်ပရိသတ်တွေက သူ့ကိုလှောင်ပြောင်ခဲ့ကြတယ်။ အဲဒီလို ကြိုဆိုမှုက သူ့ကို ထိခိုက်စေခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူ ရုန်းကန်ခဲ့ရပြီး သူ့ကိုယ်သူ သံသယဝင်စေခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း အရင်လို မဟုတ်တော့ဘူး”လို့ ဂယ်ရီနဗီးလ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top