ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အနီကတ်အများဆုံး ကစားသမားစာရင်းဝင်ခဲ့တဲ့ ရာမို့စ်

yyl-008-9.jpg

မန်စီးတီးနဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အနီကတ်အများဆုံး ပြခံရသူအဖြစ် အီဘရာဟီမိုဗစ်၊ အဂ္ဂါဒေးဗစ်တို့နဲ့ ပူးတွဲရပ်တည်နေပါတယ်။ ဘာနာဒိုဆေးလ်ဗားကို အထောင်ထားပြီး ဂါဘရီယယ်ဂျီးဆပ်ကို တောင်ပံထုတ်ကစားခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ပွဲထွက်ကစားသမားစာရင်းက ထူးခြားခဲ့ပြီး ရီးရဲလ်အသင်းကို ခံစစ်ပိုင်းကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲချိန် ၆၀ မိနစ်မှာ အစ္စကိုက ရီးရဲလ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ ပွဲချိန်(၇၇)မိနစ်မှာ ဂျီးဆပ်က ရာမို့စ်ရဲ့ လူကပ်ခြင်းခံထားရပေမဲ့ ဒီဘရိုင်းရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

နောက်(၅)မိနစ်အကြာမှာ ဒီဘရိုင်းက ပင်နယ်တီကနေ မန်စီးတီးအတွက် ဒုတိယဂိုး သွင်းခဲ့ပါတယ်။ အဲဒီနောက် (၂)မိနစ်အကြာမှာပဲ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်ရနေတဲ့ ဂျီးဆပ်ကို ရာမို့စ်က နောက်ကနေ ခြေချိတ်လိုက်လို့ ကွင်းလယ်ဒိုင် အော်ဆာတိုက ရာမို့စ်ကို တိုက်ရိုက်အနီကတ်ပြခဲ့ပါတယ်။ ရာမို့စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၄ ကြိမ်မြောက် အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အနီကတ်အများဆုံး ကစားသမားတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ အဂ္ဂါဒေးဗစ်တို့ရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top