တတိယတန်းကလပ်ကို ရှုံးပြီး စပိန်ဘုရင့်ဖလားက ထွက်ခဲ့ရတဲ့ အက်သလက်တီကို

yyl-012-15.jpg

အက်သလက်တီကိုအသင်းဟာ စပိန်ဘုရင့်ဖလား(၃၂)သင်းအဆင့်မှာ တတိယတန်းကလပ် လီယွန်နီဆာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရပါတယ်။ အက်သလက်တီကိုဟာ ပွဲချိန်(၆၂)မိနစ်မှာ ကော်ရီရာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ လီယွန်နီဆာအသင်းက ချေပဂိုးပြန်သွင်းခဲ့လို့ အချိန်ပိုကစားခဲ့ရပြီး အချိန်ပိုမှာ ဘင်နီတိုက မြေမကျကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူခဲ့တာပါ။

အက်သလက်တီကိုဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၃)ပွဲလုံး ရှုံးနိမ့်ခဲ့ပြီး နည်းပြဆီမြွန်နီအတွက် ခက်ခဲတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပါတယ်။ လီယွန်နီဆာအသင်းဟာ ပြီးခဲ့တဲ့နှစ် စပိန်ဘုရင့်ဖလား (၃၂)သင်းအဆင့်မှာ ဘာစီလိုနာကို နှစ်ကျော့ပေါင်း(၅-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ ဒီရာသီမှာတော့ လာလီဂါအင်အားကြီးကလပ် အက်သလက်တီကိုကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top