ပေါ်လီဆစ်ကို ဟာဇက်နဲ့ခိုင်းနှိုင်းခဲ့တဲ့ လမ်းပတ်

23-7-2020-yyl-011.jpg

ချဲလ်ဆီးအတွက် ပေါ်လီဆစ်ရဲ့ ပံ့ပိုးပေးနိုင်စွမ်းက ဟာဇက်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ လီဗာပူးနဲ့ပွဲစဉ်မှာ လူစားဝင် ကစားခဲ့တဲ့ ပေါ်လီဆစ်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးပြီးတဲ့နောက်မှာ လမ်းပတ်က အခုလို ပြောခဲ့တာပါ။ အသက် ၂၁ နှစ်ရှိတဲ့ အမေရိကန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ပေါ်လီဆစ်ဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ချဲလ်ဆီးအတွက် ၂၄ ပွဲကစားရာမှာ ၉ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာဇက်ကလည်း ၂၀၁၂-၁၃ ရာသီမှာ ချဲလ်ဆီးကို စရောက်တော့ ၃၄ ပွဲကစားပြီး ၉ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

” သူက အသင်းအတွက် အရမ်းအရေးပါပါတယ်။ သူက အသင်းကို ပံ့ပိုးပေးနိုင်စွမ်းရှိတယ်။ ဟာဇက် စရောက်တဲ့နှစ်က ကျွန်တော် အသင်းမှာရှိတယ်လေ။ ပရီးမီးယားလိဂ်မှာ စကစားဖို့ မလွယ်ပါဘူး။ ဟာဇက်လည်း ပထမဆုံးရာသီမှာ အသားကျဖို့ အခက်တွေ့ခဲ့ပါတယ်။ ပေါ်လီဆစ်လည်း အဲဒီလိုအခိုက်အတန့်မျိုး ကြုံနေရတာပါ။ ဒီနေ့ပွဲမှာ သူက မိနစ် ၄၀ ပဲ ကစားပြီး သူ့ရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ သူက ငယ်ရွယ်ပြီး ပင်ကိုယ်ပါရမီရှိသူပါ”လို့ လမ်းပတ်က ပြောပါတယ်။ လမ်းပတ်ဟာ အမှားအယွင်းများနေလို့ ဖိအားခံစားနေရတဲ့ ဂိုးသမား ကီပါကို ဝေဖန်ခဲ့ခြင်းမရှိပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top