ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရ ညွှန်ကြား

23-7-2020-yyl-010.jpg

တက္ကဆပ်ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင်လ ၂၃ ရက် နောက်ဆုံးထား ပိတ်ပစ်ဖို့ အမေရိကန်နိုင်ငံက ညွှန်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်တွေ ခိုးယူနေလို့ အခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဒီလုပ်ရပ်က နိုင်ငံရေးအရ ကျူးကျော်စွက်ဖက်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံက ဆိုပါတယ်။ ဝါရှင်တန်မြို့မှာရှိတဲ့ တရုတ်သံရုံးလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပါတယ်။ အစောပိုင်းမှာ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသူတွေက ဟူစတန်ကောင်စစ်ဝန်ရုံးထဲက အမှိုက်ပုံးတွေထဲမှာ စက္ကူတွေကို မီးရှို့နေတာ တွေ့ရပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပွားနေတာ အချိန်တော်တော်ကြာမြင့်လာပြီး ဒေါ်နယ်ထရမ့်အစိုးရက တရုတ်နိုင်ငံကို ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ထပ်ဖန်တလဲလဲ ထိုးနှက်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ဟောင်ကောင်မြို့မှာ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top