ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပထမအဆင့်က ထွက်ခဲ့ရတဲ့ စနူကာဘုရင် အိုဆူလီဗန်

ff2.jpg

ရွန်နီအိုဆူလီဗန်ဆိုတာ ကမ္ဘာ့စနူကာလောကရဲ့ ဘုရင်ပါ။ ကမ္ဘာ့အဆင့်(၁) စနူကာကစားသမား အိုဆူလီဗန်ကို အပျော်တမ်းကစားသမားတစ်ယောက်က အနိုင်ရသွားတယ်လို့ပြောရင် ဟာသလို့ ထင်ခံရမှာပါ။

ဒါပေမဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့တဲ့ ပထမဆုံး အပျော်တမ်းကစားသမား ဂျိမ်းစ်ကာဟေးလ်က အိုဆူလီဗန်ကို ပထမအဆင့်မှာပဲ ဖြုတ်ချခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ (၅) ကြိမ် ဆွတ်ခူးခဲ့တဲ့ အိုဆူလီဗန်ဟာ ဂျိမ်းစ်ကာဟေးလ်ကို (၁၀) ပွဲ၊ (၈) ပွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စနူကာသမိုင်းမှာ အံ့အားသင့်စရာအကောင်းဆုံးဖြစ်ရပ် တစ်ခုပါ။ (၂) ရက်ကြာမြင့်တဲ့ အဲဒီပွဲမှာ အိုဆူလီဗန်က ပင်ပန်းနွမ်းနယ်နေပြီး လျော့တိလျော့ရဲဖြစ်နေပုံပါ။ ဂျိမ်းကာဟေးလ်က (၈-၅) နဲ့ ဦးဆောင်နေပြီးနောက်မှာ အိုဆူလီဗန်က (၃) ပွဲဆက်တိုက် အနိုင်ရခဲ့လို့ (၈-၈) စီ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အိုဆူလီဗန်က အမှားများခဲ့လို့ ဂျိမ်းစ်ကာဟေးလ် အနိုင်ရခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top