မိုလ်ဒီနဲ့ ချုပ်ဆိုထားတဲ့စာချုပ် သက်တမ်းကုန်ဆုံးပြီလို့ ဆိုးလ်ရှား ဆို

s3-e1551857415387.jpg

နော်ဝေကလပ် မိုလ်ဒီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီလို့ မန်ယူအသင်း ယာယီနည်းပြ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကစားသမားဟောင်း ဆိုးလ်ရှားကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အငှားစာချုပ် ချုပ်ဆိုခဲ့စဉ်က အခြေအနေအရ ဆိုးလ်ရှားဟာ လာမယ့်မေလမှာ မိုလ်ဒီအသင်းထံ ပြန်သွားရမှာပါ။ မိုလ်ဒီကလပ်အသင်း အမှုဆောင်ချုပ် နီယာလန်းကလည်း ဆိုးလ်ရှားနဲ့ မန်ယူအသင်း ချုပ်ဆိုထားတဲ့စာချုပ်က ရာသီကုန်အထိပဲ အကျုံးဝင်ပြီး ရာသီကုန်ရင် မိုလ်ဒီအသင်းထံ ဆိုးလ်ရှား ပြန်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ မိုလ်ဒီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီထင်တယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ဆိုးလ်ရှားကို မန်ယူအသင်း အပြီးသတ်ခေါ်ယူတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာပါတယ်။ နည်းပြတစ်ဦးဟာ တစ်ပြိုင်တည်းမှာ အသင်း (၂) သင်းနဲ့ စာချုပ်ချုပ်ဆိုခွင့် မရှိပါဘူး။ ဆိုးလ်ရှားဟာ မန်ယူအသင်းထံ အငှားမပြောင်းရွှေ့ခင်တုန်းက မိုလ်ဒီအသင်းနဲ့ (၃) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူပါ။

Nz (ရိုးရာလေး)

(Unicode)

မုိလ္ဒီနဲ႔ ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီလုိ႔ ဆုိးလ္ရွား ဆုိ

ေနာ္ေဝကလပ္ မုိလ္ဒီနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားၿပီလုိ႔ မန္ယူအသင္း ယာယီနည္းျပ ဆုိးလ္ရွားက အတည္ျပဳခဲ့ပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ေမာ္ရင္ဟုိကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီးေနာက္ အသင္းကစားသမားေဟာင္း ဆုိးလ္ရွားကုိ ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။

အငွားစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့စဥ္က အေျခအေနအရ ဆုိးလ္ရွားဟာ လာမယ့္ေမလမွာ မုိလ္ဒီအသင္းထံ ျပန္သြားရမွာပါ။ မုိလ္ဒီကလပ္အသင္း အမႈေဆာင္ခ်ဳပ္ နီယာလန္းကလည္း ဆုိးလ္ရွားနဲ႔ မန္ယူအသင္း ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္က ရာသီကုန္အထိပဲ အက်ဳံးဝင္ၿပီး ရာသီကုန္ရင္ မုိလ္ဒီအသင္းထံ ဆုိးလ္ရွား ျပန္လာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ထုတ္ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ဆုိးလ္ရွားကေတာ့ မုိလ္ဒီနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားၿပီထင္တယ္လုိ႔ ဆုိပါတယ္။

အဲဒီအတြက္ ဆုိးလ္ရွားကုိ မန္ယူအသင္း အၿပီးသတ္ေခၚယူေတာ့မယ္ဆုိတဲ့ ထင္ေၾကးေပးမႈေတြ ထြက္ေပၚလာပါတယ္။ နည္းျပတစ္ဦးဟာ တစ္ၿပိဳင္တည္းမွာ အသင္း (၂) သင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခြင့္ မရွိပါဘူး။ ဆုိးလ္ရွားဟာ မန္ယူအသင္းထံ အငွားမေျပာင္းေရႊ႕ခင္တုန္းက မုိလ္ဒီအသင္းနဲ႔ (၃) ႏွစ္သက္တမ္းတုိးစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့သူပါ။

Nz (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top